ကျောင်းကားမီးလောင်မှုလျော်ကြေးရရန် ထိုင်းအာဏာပိုင်များအရှိန်မြှင့်လုပ်ဆောင်နေ

0
5
Mourners pay their respect during the cremation ceremony for the victims of a school bus fire, which marks the last Buddhist funeral rites at Wat Khao Phraya Sangkharam School in Uthai Thani on October 8, 2024. - Thousands gathered in central Thailand on October 8 to mark the last rites for 20 schoolchildren and their three teachers who were killed in a bus inferno last week. The students had been returning from a school trip when their coach burst a tire, crashed into a highway barrier just north of the capital and erupted into flames. (Photo by Lillian SUWANRUMPHA / AFP)

ဘန်ကောက်၊အောက်တိုဘာ ၁၂

ထိုင်းနိုင်ငံ၊ပထုန်ဌာနီ၌ဖြစ်ပွားခဲ့သည့် ကျောင်းကားမီးလောင်မှုတွင် ‌ေ-သဆုံးသွားသော ဆရာ၊ဆရာမနှင့်ကျောင်းသားကျောင်းသူ ၂၃ ဦးတို့အတွက် လျော်ကြေးငွေရရှိရန် တာဝန်ရှိသူများဘက်မှ အရှိန်မြှင့်လုပ်ဆောင်နေကြောင်း ပညာရေးတာဝန်ရှိသူများကပြောကြားခဲ့သည်။

လျော်ကြေးငွေကိစ္စအတွက် လုပ်ငန်းဆောင်ရွက်နေမှုများကို အခြေခံပညာကော်မရှင်ရုံးက အနီးကပ်စောင့်ကြည့်ပြီး လိုက်လျောညီထွေစွာ ဆောင်ရွက်ပေးနေသည်ဟုလည်းပြောကြားခဲ့သည်။

အဆိုပါကျောင်းကားမီးလောင်မှုတွင် ‌ေ-သဆုံးသူ ကျောင်းသားကျောင်းသူနှင့်ဆရာ၊ဆရာမ ၂၃ ဦးတို့အပြင် ကျောင်းသားကျောင်းသူ ၁၉ ဦးနှင့် ဆရာ၊ဆရာမ ၄ ဦးတို့လည်း ဒဏ်ရာရရှိခဲ့ကြောင်းလည်းသိရသည်။

အဆိုပါဖြစ်ရပ်ကြောင့် အခြေခံပညာကော်မရှင်ရုံးက နောက်ထပ်ပြုလုပ်မည့် လေ့လာရေးခရီးစဉ်များအတွက် ကျောင်းသား၊ကျောင်းသူများဘေးကင်းရေး အထူးကြပ်မတ်ဆောင်ရွက်ရန်လည်း သက်ဆိုင်ရာအဖွဲ့အစည်းများထံ ညွှန်ကြားချက်များထုတ်ပြန်ထားကြောင်းသိရသည်။

ယင်းအပြင် အသက်ပေး‌ေ-သဆုံးသွားရသည့် ဆရာ၊ဆရာမများအတွက် ဂုဏ်ပြုအဆောက်အအုံအပါအဝင် ကျန်ရစ်သူမိသားစုများအတွက် လစာ ခုနစ်ဆ‌ေထာက်ပံ့ပေးရန် စီစဉ်ဆောင်ရွက်နေကြောင်းသိရသည်။

ထို့အပြင် ပထုန်ဌာနီရှိ ‌ေ-သဆုံးသူကျောင်းသားကျောင်းသူများ၏ကျောင်း၌ ၎င်းတို့ကိုသတိရသည့်အထိမ်းအမှတ်အဖြစ် ဘောလုံးကွင်းတစ်ခုတည်ဆောက်ရန်စီစဉ်လျက်ရှိပြီး အဆိုပါအစီအစဉ်သည် လက်ရှိအချိန်တွင် ဒီဇိုင်းနှင့်ဘတ်ဂျက်ခွဲဝေမှုအဆင့်သို့ ရောက်နေပြီဟုလည်းသိရသည်။

Source : ဘန်ကောက်ပို့စ်


LEAVE A REPLY

Please enter your comment!
Please enter your name here