သာစည်မြို့နယ်တွင် ခရီးသည်တင်ယာဉ်ဖြင့် လိုက်ပါလာသည့် အမျိုးသားတစ်ဦးထံမှ စိတ်ကြွရူးသွပ်ဆေးပြား (၃၀၀၀၀) ဖမ်းဆီးရမိ

0
19

မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်တွင် ခရီးသည်တင်ယာဉ်ဖြင့် လိုက်ပါလာသူ အမျိုးသားတစ်ဦးထံမှကျပ် သိန်း (၄၅၀) တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား (၃၀၀၀၀) ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ ၏ ထုတ်ပြန်ချက်အရ သိရသည်။

သာစည်မြို့နယ်၊ ကျွဲတပ်ဆုံကျေးရွာအနီးတွင် အောက်တိုဘာ(၁၁) ရက်၊ ည (၁၀)နာရီ (၂၅)မိနစ်အချိန်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ တောင်ကြီးမြို့မှ ရန်ကုန်မြို့ဘက်သို့ မောင်းနှင်လာသည့် ခရီးသည်တင်မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေခဲ့သည်ဟု ဆိုသည်။

ထိိုသို့ စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် လိုက်ပါလာသည့်ခရီးသည် သိန်းဌေးအောင်ထံမှ စိတ်ကြွရူးသွပ်ဆေးပြား (၃၀,၀၀၀) ပြား၊ ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း (၄၅၀)နှင့် လက်ကိုင်ဖုန်း (၁)လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ခြင်း ဖြစ်သည်။

ထိုကြောင့် သိန်းဌေးအောင် (၄၆) နှစ်အား သာစည်မြို့မ ရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့်အရေးယူထားပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သတင်းထုတ်ပြန်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here