လက်ဘနွန်တောင်ပိုင်းရှိကုလ ငြိမ်းချမ်းရေးတပ်ဖွဲ့များကို ရုတ်သိမ်းပေးရန် နေတန်ယာဟုတောင်းဆို

0
48

ဂျေရုဆလင်၊အောက်တိုဘာ ၁၃

အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုသည် လက်ဘနွန်တောင်ပိုင်းမှ ငြိမ်းချမ်းရေးတပ်ဖွဲ့များကို ရုတ်သိမ်းပေးရန် ကုလသမဂ္ဂကို အောက်တိုဘာ ၁၃ ရက်နေ့တွင်တောင်းဆိုခဲ့ကြောင်းသိရသည်။

“ကုလအတွင်းရေးမှူးချုပ် မစ္စတာဂူတားရက်စ်အနေနဲ့ သူ့ရဲ့ငြိမ်းချမ်းရေးတပ်ဖွဲ့တွေကို ဘေးအန္တရာယ်များတဲ့အခုလိုနေရာများမှာ မထားသင့်တော့ပါဘူး၊ဒါကြောင့် ငြိမ်းချမ်းရေးအဖွဲ့တွေကို လက်ဘနွန်တောင်ပိုင်းကနေ အမြန်ဆုံးရုပ်သိမ်းပေဖို့တောင်းဆိုပါတယ်” ဟုလည်း ၎င်းကဆိုခဲ့သည်။

“ဒီအစီအစဉ်ကို အခုချက်ချင်း အကောင်အထည်ဖော်သင့်ပါတယ်” ဟုလည်း ဆက်လက်ပြောကြားခဲ့သည်။ ထို့ပြင် လက်ဘနွန်တွင် ကုလငြိမ်းချမ်းရေးတပ်ဖွဲ့များကို လွှတ်ထားခြင်းသည် ဟစ်ဇ်ဘိုလာတို့အတွက် ဓ-ါးစာခံပေးထားသလိုဖြစ်နေသည်ဟုလည်း၎င်းကဆိုခဲ့သည်။

ဆက်လက်၍လည်း ၎င်းက ပြီးခဲ့သည့်တစ်ပတ်က အစ္စရေးတပ်ဖွဲ့များကြောင့် ကုလငြိမ်းချမ်းရေးတပ်ဖွဲ့ဝင်နှစ်ဦးထိခိုက်ဒဏ်ရာရခဲ့သည့်အတွက် စိတ်မကောင်းဖြစ်မိပါကြောင်းနှင့် အတတ်နိုင်ဆုံး အလားတူဖြစ်ရပ်မျိုးထပ်မဖြစ်စေရန် သတိထားနေသည်ဟုလည်းဆိုခဲ့သည်။

Source : ရှင်းဟွာ


LEAVE A REPLY

Please enter your comment!
Please enter your name here