မော်လမြိုင်မြို့နှင့် သာစည်မြို့နယ်တို့တွင် စိတ် ကြွဆေးပြား(၈)သောင်းပြားဖမ်းမိခဲ့

0
31

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နှင့် မန္တလေးတိုင်း၊ သာစည်မြို့နယ်တို့တွင် ပြီးခဲ့သည့် အောက်တို ဘာ ၁၁ ရက်က စိတ်ကြွဆေးပြား(၈)သောင်းပြားကို ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

မော်လမြိုင်မြို့၊ (၆)မိုင်ရပ်ကွက်၊ ကံ့ကော်လမ်းနေ သက်ဇော်ဝင်း(၅၂)နှစ်၏နေအိမ်အား မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များမှ အောက်တိုဘာ ၁၁ ရက်ညနေ ၄ နာရီခွဲခန့်တွင် ၀င်ရောက်ရှာဖွေရာမှ ငွေကျပ် ၁၅၀၀ သိန်းတန် ဖိုးရှိ စိတ်ကြွဆေးပြား ၅၀၀၀၀ ပြားအားဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိသူအားစစ်ဆေးချက်အရ စိတ်ကြွ ဆေးပြားများ သယ်ဆောင်ရောင်းဝယ်ရာ၌ ပူး ပေါင်းပါဝင်သူ ခွန်ကွန်း(ခ)မင်းသစ်စိုး(၄၀)အား မော်လမြိုင်မြို့၊ မြိုင်သာယာရပ်ကွက်တွင်ထပ်မံဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတို့အား မြိုင်သာယာနယ်မြေရဲစခန်းက မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရအမှုဖွင့်ခဲ့ကြောင်း သိရသည်။

ထို့အတူ မန္တလေးတိုင်း၊ သာစည်မြို့နယ်၊ ကျွဲတပ်ဆုံကျေးရွာအနီးတွင် မူးယစ်ဆေးဝါးတား ဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များမှ အောက်တိုဘာ ၁၁ ရက်ည ၁၀ နာရီခွဲခန့်က တောင်ကြီးမြို့ဘက်မှ ရန်ကုန်မြို့ဘက်သို့ မောင်းနှင်လာသည့် ခရီး သည်တင်ကားကိုတားဆီးစစ်ဆေးရာ ခရီးသည်သိန်းဌေးအောင်(၄၆)နှစ်အား ငွေကျပ်(၄၅၀) သိန်းတန်ဖိုးရှိ စိတ်ကြွဆေးပြား(၃၀၀၀၀)ပြားနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် သာစည်မြို့မရဲစခန်းက မူးယစ်ဆေး ဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here