စမ်းချောင်း ပန်းခြံလမ်းတွင် မီးလောင်မှုဖြစ်ပွား

0
25

ရန်ကုန်တိုင်း‌ဒေသကြီး၊ စမ်းချောင်းမြို့နယ်၊မြေနီကုန်းတောင်ရပ်ကွက်၊ ပန်းခြံလမ်းရှိ လူနေတိုက်ခန်း တစ်ခန်းတွင် ယနေ့ အောက်တိုဘာ (၁၄)ရက်၊ နံနက် (၂)နာရီ (၂၅)မိနစ်အချိန်ခန့်က မီးလောင်မှု တစ်ခုဖြစ်ပွားခဲ့ကြောင်း စမ်းချောင်းမြို့နယ်မီးသတ်စခန်းမှ သိရသည်။

အဆိုပါ ပန်းခြံလမ်းရှိ လူနေတိုက်ခန်းတွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ စမ်းချောင်းမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၂)စီးအပြင် အနာဂတ်အလင်းတန်းပရဟိတအသင်းမှ မီးသတ်အထောက်အကူပြုယာဉ်တို့ထွက်ခွာငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ထွက်ခွာ၍ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ နံနက် (၂)နာရီ၊ (၃ ၂)မိနစ်အချိန် မီးငြှိမ်းသတ်နိုင်ခဲ့ပြီး ဖြစ်စဉ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများနှင့် မီးလောင်မှုအကြောင်းရင်းကို မီးသတ်တပ်ဖွဲ့မှ ဆက်လက်သွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here