မန္တလေးကျုံးဘေး၌ သီတင်းကျွတ်မီးထွန်းပွဲကျင်းပမည်

0
19

မကြာမီကျရောက်တော့မည့် မြန်မာ့ရိုးရာ သီတင်းကျွတ်မီးထွန်းပူဇော်ပွဲတော်ကို မန္တလေးကျုံးဘေးတလျှောက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ သီတင်းကျွတ်မီးထွန်းပွဲတော်ကို လာမည့်သီတင်းကျွတ်လပြည့်နေ့၌ ကျင်းပသွားမည်ဖြစ်ကာ ပြည်သူများလည်း ပါဝင်ဆင်နွှဲနိုင်ရန် စီစဉ်ဆောင်ရွက်နေကြောင်း ပွဲတော်ဖြစ်မြောက်ရေးကော်မတီထံမှ သိရသည်။

ယင်းပွဲတော်၌ မြန်မာ့ရိုးရာအစားအသောက်များ အပါအဝင် စတုဒိသာကျွေးမွေးဧည့်ခံခြင်းနှင့် တေးသီချင်းများဖြင့် ဧည့်ခံခြင်းအစီအစဉ်များလည်း ပါဝင်မည်ဟုသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here