ပုဂံရှုခင်းများကြည့်ရန် Balloons များ စတင်ပျံသန်းတော့မည်

0
33

ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေရှိ ရှုခင်းများကြည့်ရှုရန် လူများစီးနင်းလိုက်ပါနိုင်သည့် မီးပုံပျံ(Balloons)များ စတင်ပျံသန်းတော့မည် ဖြစ်ကြောင်း သိရသည်။

အောက်တိုဘာ (၁၆) ရက်၊ နံနက် (၆)နာရီအချိန်မှ စတင်ကာ ယခုနှစ်ဆောင်းရာသီ Balloons ပျံသန်းခြင်းများစတင် ပျံသန်းမည်ဖြစ်ကာ ရွှေလေတံခွန်(နီညိုရောင်)မီးပုံပျံအဖွဲ့က ပျံသန်းမည်ဟုသိရသည်။

ထိုသို့ပျံသန်းနိုင်ရန် ရွှေလေတံခွန် (နီညိုရောင်) မီးပုံးပျံဓာတ်ငွေ့ Balloons အဖွဲ့မှ ပိုင်းလော့ KX-Gavm နှင့် ပိုင်းလော့ K-Andy တို့လည်း မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီဖြစ်ကာ ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေနှင့် ဧရာဝတီမြစ်အလှရှုခင်းများ၊ ထန်းပင်ထန်းတောများ၊ အညာဒေသတွင် ပေါက်ရောက်သည့် ထနောင်းပင်များ၊ တမာပင်များ၊ ရှားစောင်းပင်၊ ရှေးဟောင်းအဆောက်အအုံများနှင့် တုရင်တောင်တန်း၊ တန့်ကြည်တောင်တန်းနောက်ခံနှင့် ဧရာဝတီမြစ်အလှတို့အား ကြည့်ရှုလေ့လာနိုင်တော့မည် ဖြစ်သည်။

Balloons စီး၍ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ကောင်းကင်ယံမှ ကြည့်ရှုခြင်းကို ပြည်ပနိုင်ငံသားများ စီးနင်းကြည့်ရှုမှုများပြားခဲ့ရာမှ ယခုအခါ ပြည်တွင်းဧည့်သည် စီးနင်းလိုက်ပါမှုများပြားလာခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here