ထိုင်ဝမ်အနီး တရုတ်စစ်ရေးလေ့ကျင့်

0
21

တိုင်ပေ၊အောက်တိုဘာ ၁၄

ထိုင်ဝမ်ရှိ ခွဲထွက်ရေးစိတ်အားထက်သန်သူများကို ပြင်းပြင်းထန်ထန်သတိပေးလိုသည့် ရည်ရွယ်ချက်ဖြင့် ထိုင်ဝမ်အနီးတစ်ဝိုက်၌ တရုတ်က စစ်ရေးလေ့ကျင့်မှုများကိုပြုလုပ်နေကြောင်းသိရသည်။

ယင်းသို့ပြုလုပ်ရာ၌ ထိုင်ဝမ်အနီးတစ်ဝိုက်လှည့်လည်နေ‌သည့် တရုတ်လေယာဉ်နှင့်သင်္ဘောများပါဝင်ကြောင်းလည်းသိရှိရသည်။

ထိုင်ဝမ်သမ္မတလိုင်ချင်တီ၏မိန့်ခွန်းကို တရုတ်ကရှုံ့ချခဲ့ပြီး အရေးယူမှုပြုလုပ်မည့်အပေါ် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က သတိပေးခဲ့ပြီးနောက် တရုတ်က စစ်ရေးလေ့ကျင့်မှု ကို ပြုလုပ်လာခြင်းဖြစ်သည်။

လက်ရှိထိုင်ဝမ်သမ္မတလိုင်ချင်တီသည် ထိုင်ဝမ်နှင့်ပေကျင်းအရေး၌ ယခင်သမ္မတဆိုင်အင်ဝမ်ထက်ပင် ပိုမိုပြတ်သားစွာပြောဆိုလုပ်ဆောင်သဖြင့် ခွဲထွက်ရေးသမားအဖြစ် ပေကျင်းကရှုံ့ချထားသူလည်းဖြစ်သည်။

တရုတ်၏ ယခုနောက်ဆုံးပြုလုပ်သည့် စစ်ရေးလေ့ကျင့်မှုကို ထိုင်ဝမ်က အသုံးမကျသည့်ရန်စခြင်းတစ်ခုသာဖြစ်သည်ဟုရှုံ့ချခဲ့ပြီး ထိုင်ဝမ်ဘက်ကလည်း တုန့်ပြန်သည့်အနေဖြင့် တပ်ဖွဲ့များကိုစေလွှတ်ခဲ့သည်ဟုပြောကြားခဲ့သည်။

တရုတ်ကမူ ၎င်း၏စစ်ရေးလေ့ကျင့်မှုသည် ထိုင်ဝမ်လွတ်လပ်ရေးတပ်ဖွဲ့များ၏ ခွဲထွက်ရေးလှုပ်ရှားမှုကို ပြင်းထန်စွာသတိပေးခြင်းဖြစ်ကြောင်းပြောကြားခဲ့သည်။

Source : အေအက်ဖ်ပီ/အာစီ


LEAVE A REPLY

Please enter your comment!
Please enter your name here