စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေး သုံးပတ်ဆက်တိုက်ကျဆင်းလာ

0
21

လက်လီဈေးကွက်အတွင်း ရောင်းချရမည့် စားအုန်းဆီအခြေခံလက်ကား ရည်ညွှန်းဈေးသတ်မှတ်ထုတ်ပြန် ပေးလျက်ရှိရာ သုံးပတ်ဆက်တိုက်ဈေးကျဆင်းလာကြောင်း သိရသည်။

ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သည့်နိုင်ငံများတွင် ဈေးကွက်နှင့်ဈေးနှုန်းဖြစ်ပေါ်မှု‌များအရ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ(၁၄)ရက်မှ အောက်တိုဘာလ (၂၀)ရက်အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာ (၆၃၅၅)ကျပ် ဖြစ်ကြောင်းထုတ်ပြန် ကြေညာထားသည်။

ပြီးခဲ့သည့်တစ်ပါတ်က လက်ကားရည်ညွှန်းဈေးနှုန်းမှာ (၆ ၄၅၅) ကျပ်ဖြစ်ပြီး ယခုတစ်ပါတ်တွင် (၁၀၀) ကျပ်ထပ်မံကျဆင်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် သမဝါယမစာအုပ်ဖြင့် စားအုန်းဆီရောင်းချပေးနေသည့်အတွက် ဈေးကွက်အတွင်းဝယ်ယူရအဆင်ပြေနေပြီး ပြင်ပဈေးကွက်တွင်လည်း တစ်ပိဿာ (၉၀၀၀) ကျပ် အထိ ဈေးကျလာကြောင်း သိရသည်။

စားအုန်းဆီများကို ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှု‌များပြုလုပ်ပါက အရေးကြီး ကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း အသိပေးထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here