ရုရှား၏ နျူလက်နက် မူဝါဒအပြောင်းအလဲအချိန်လင့်နေ–ဘီလာရုစ်သမ္မတ

0
23

ရုရှားက ၎င်း၏ နျူကလီးယားလက်နက်များဆိုင်ရာ မူဝါဒ အပြောင်းအလဲကို ကြေညာခဲ့ခြင်းသည် အချိန်အတော်လင့်နေကြောင်းနှင့် ၎င်း၏ အနောက်တိုင်းရန်သူတော်များကို စိတ်အေးသွား‌ေစ နိုင်ကြောင်း ဘီလာရုစ်နိုင်ငံ သမ္မတ အလက်ဇန်းဒါး လူကာရှန်ကိုက တနင်္ဂနေ့တွင် ထုတ်လွှင့်သည့် အင်တာဗျူး၌ ပြောဆိုခဲ့သည်။

ပြီးခဲ့သည့်လတွင် ခရမ်မလင်ခေါင်းဆောင်က မူဝါအပြောင်းအလဲကို ထုတ်ဖော်ကြေညာခဲ့သည်။ ထိုသို့ မကြေငြာမီက မော်စကို၏ နျူကလီးယားအချက်ပြမှုများကို ကြားထားသော အနောက်နိုင်ငံများသည် ကယောင်ချောက်ခြားဖြစ်နေခဲ့ကြသည်ဟု သမ္မတ ဗလာဒီမာပူတင်နှင့် ရင်းနှီးသောမဟာမိတ် လူကာရှန်ကိုက ပြောဆိုခဲ့သည်။

လေယာဉ်များ၊ ဒုံးကျည်များ သို့မဟုတ် ဒရုန်းများပါသော အကြီးစားနယ်စပ်ဖြတ်ကျော် တိုက်ခိုက်မှုမျိုးဖြစ်ပေါ် နိုင် သည်ဟူ သော ယုံကြည်လောက်သော သတင်းအချက်အလက်ရရှိမှုအပါအဝင် နျူကလီးယားလက်နက် ထုတ်သုံးရန် စဉ်းစားရစေနိုင်သည့် ဖြစ်ရပ်များစာရင်းကို တိုးချဲ့သတ်မှတ်ထားသည်ဟု စက်တင်ဘာ ၂၅ ရက်တွင် ပူတင်က ပြောဆိုခဲ့သည်။ ထို့အပြင် နျူလက်နက်ပိုင် နိုင်ငံတစ်နိုင်ငံ၏ ပံ့ပိုးမှုဖြင့် ၎င်းအပေါ် တိုက်ခိုက်လာမှုမျိုးကို ပူးပေါင်းတိုက်ခိုက်ခြင်းအဖြစ် မော်စကိုက မှတ်ယူသွားမှာဖြစ်ကြောင်းလည်း သူက ပြောဆိုခဲ့သည်။
အဆိုပါမူဝါဒသတ်မှတ်ချက်ကို အသစ်ပြင်ဆင်သင့်သည်မှာ အချိန်အတော်ကြာကတည်းကဖြစ်သည်ဟု ပြီးခဲ့သည့်နှစ်တွင် ရုရှား နည်းဗျူဟာနျူကလီးယားလက်နက်များ ဘီလာရုစ်တွင် ချထားရေးနှင့် ပတ်သက်ပြီး ပူတင်နှင့် ဆွေးနွေးခဲ့သည့် လူကာရှန်ကိုက ပြောဆိုခဲ့သည်။

အနောက်နိုင်ငံတွေသာ ပူတင်၏ အစောပိုင်း က နျူကလီးယား အချက်ပေးမှုများကို ဂရုမစိုက်ခဲ့ဘူးဆိုပါက အနောက်တိုင်း၏ ဒုံးကျည်များသည် မိမိတို့ ကို အထူးသဖြင့် ရုရှားကို ကြဲချနေပြီဖြစ်သည်ဟု ရုရှားရုပ်သံသတင်းထောက်ကို သူက ပြောဆိုခဲ့သည်။ သို့သော်လည်း နျူကလီးယား မူဝါဒကို ပြောင်းလဲလိုက် သဖြင့် ဂယောက်ဂယက်ဖြစ်ခဲ့သော အနောက်နိုင်ငံများအဖို့ စိတ်အေးလက်အေးပင်ဖြစ်သွားမည်ဟု သူက ဆက်လက် ပြောဆိုသွားခဲ့သည်။
Ref: Aol.


LEAVE A REPLY

Please enter your comment!
Please enter your name here