နယ်စပ်အနီးရှိအ‌မြောက်တပ်များကိုအသင့်ပြင်ထားရန် ပြုံးယမ်းညွှန်ကြား

0
26

ဆိုးလ်၊အောက်တိုဘာ ၁၄

တောင်ကိုရီးယား နယ်စပ်အနီးရှိ မြောက်ကိုရီးယားအမြောက်တပ်များအနေဖြင့် ဆိုးလ်ဘက်က ဒရုန်းများကို မြင်သည်နှင့်ပစ်ချနိုင်ရန် အဆင်သင့်လုပ်ထားဖို့ ညွှန်ကြားထားကြောင်းသိရသည်။

ပြုံယမ်း၏ပြောကြားချက်အရ တောင်ကိုရီးယားတက်ကြွလှုပ်ရှားသူများနှင့် မြောက်ကိုရီးယားမှထွက်ပြေးသွားသူအချို့က ကင်မ်မကောင်းကြောင်းဝါဒဖြန့်စာပေများကိုကြဲချသဖြင့် နှစ်ဖက်တင်းမာနေကြခြင်းဖြစ်သည်။

ယင်းကြောင့်ပင် ပြုံယမ်းဘက်ကလည်း တောင်ကိုရီးယားဘက်ထဲသို့ အမှိုက်များပါဝင်သည့်မီးပုံးပျံများ လွှတ်တင်ကာ ပြန်လည်တုန့်ပြန်ခဲ့ခြင်းဖြစ်သည်ဟုလည်းဆိုသည်။

တောင်ကိုရီးယားဘက်က အလားတူလုပ်ရပ်မျိုး ထပ်မံလုပ်ဆောင်လာပါက ချက်ချင်းတုန့်ပြန်ရန် တပ်ဖွဲ့ဝင်များကို အသင့်ပြင်ထားဖို့ ညွှန်ကြားထားခြင်းဖြစ်ကြောင်းလည်း KCNA မီဒီယာကဖော်ပြခဲ့သည်။

တောင်ကိုရီးယားဘက်မှ ယခုသီတင်းပတ်အတွင်း ပြုံယမ်းသို့ ဒရုန်းများစေလွှတ်ခဲ့သည်ဟု စွပ်စွဲခဲ့ပြီး ယင်းသို့ကျူးကျော်ဝင်ရောက်မှုကို လက်တု့န်ပြန်ရန်လည်း အောက်တိုဘာ ၁၁ ရက်နေ့တွင် ပြုံယမ်းကတောင်းဆိုခဲ့သည်ဟုသိရသည်။

Source : ရိုက်တာ


LEAVE A REPLY

Please enter your comment!
Please enter your name here