သုခဒဂုံအငှါးအိမ်ရာတွင် ငှားရမ်းနေထိုင်ခွင့် ယခုလနောက်ဆုံးပတ်တွင် ထပ်မံမဲနှိုက်ရွေးချယ်မည်

0
26

ဒဂုံမြို့သစ်(တောင်ပိုင်း)ရှိ သုခဒဂုံအငှားအိမ်ရာတွင် တတိ ယအသုတ်အတွက် အိမ်ခန်းငှားရမ်းနေထိုင်ခွင့်ကို ယခုအောက်တိုဘာနောက် ဆုံးပတ်တွင် ထပ်မံ၍ မဲနှိုက်ကာ ရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။

မဲနှိုက်ကာ ရွေးချယ်ပေးမည့် အစီအစဉ်သည် သုခဒဂုံ ပြည်သူ့အငှား အိမ်ရာ၌ ထပ်မံဆောက်လုပ်ပြီးစီးသည့် အဆော က်အဦးများတွင် နေရေးအခက်အခဲ ရှိသူများအတွက် ငှား ရမ်းနေထိုင်ခွင့် လျှောက်ထားလာသော လျှောက်လွှာ များကို စိစစ်ပြီး လျှောက်လွှာများနှင့် ယခင်မဲနှိုက်ခွင့်ရရှိပြီး မဲမပေါက်သော လျှောက်ထားသူများကို မဲစနစ်ဖြင့် ရွေးချယ် ငှားရမ်း နေထိုင်ခွင့်ပြုသွားမည် ဖြစ်သည်ဟု သိရသည်။

အိမ်ခန်းငှားရမ်းနေထိုင်ခွင့်အတွက် မဲနှိုက်ခွင့်ရရှိသူစာရင်းနှင့် မဲနှိုက်ရမည့် နေ့ရက်ကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးများတွင် အောက်တိုဘာ (၁၁) ရက်မှ (၂၅) ရက် အထိ အသိပေးကြေညာထားမည်ဖြစ်သည်ဟုလည်း ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်တွင် ဆောက်လုပ်နေသည့် သုခဒဂုံ ပြည်သူ့အငှားအိမ်ရာတွင် ဆောက်လုပ်ပြီးစီးသွားသည့် အခန်း (၆၀၀) ခန့်ကို ငှားရမ်းနေထိုင်နိုင်ရန် မဲနှိုက်ရွေးချယ်ဆောင်ရွက်နေခြင်းဖြစ်သည်။

ယင်းသို့ငှားရမ်းပေးနေသည့် အခန်းငှားခနှုန်းထားများများ (၄၆၀၀၀)ကျပ် မှ (၆၇၀၀၀)ကျပ် ထိသတ်မှတ်ထားပြီး ပထ မထပ် (၆၇၀၀၀)ကျပ်၊ ဒုတိယထပ် (၆၀၀၀၀)ကျပ်၊ တတိယထပ် (၅၅၀၀၀) ကျပ်နှင့် စတုတ္ထထပ် (၄၆၀၀၀)ကျပ် ဟူ၍ အသီးသီး သတ်မှတ်ထားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here