လက်ဘနွန်တောင်ပိုင်းတွင် ပြီးခဲ့သည့် သီတင်းပတ်အတွင်း ဟစ်ဇ်ဘိုလာတပ်ဖွဲ့ဝင် ၁၀၀ ကျော်ကို ရှင်းလင်းကြောင်း အစ္စရေးဆို

0
25

အစ္စရေးစစ်တပ်သည် ပြီးခဲ့သည့်သီတင်းပတ်အတွင်း လက်ဘနွန်တောင်ပိုင်း မြေပြင်စစ်ဆင်ရေးတွင် ဟစ်ဇ်ဘိုလာတပ်ဖွဲ့ဝင် ၁၀၀ ကျော်ကို ရှင်းလင်းခဲ့ပြီး ဟစ်ဇ်ဘိုလာ ကွပ်ကဲမှုစင်တာ ၆၀ နှင့် စစ်ဘက်ဆိုင်ရာ အဆောက်အအုံ ဒါဇင်ပေါင်းများစွာကိုလည်း ချေမှုန်းခဲ့ကြောင်း အစ္စရေးကာကွယ်ရေးတပ်ဖွဲ့(IDF) က ပြောကြားခဲ့သည်။

IDF ၏ အဆိုအရ လွန်ခဲ့သည့် ခုနစ်ရက်အတွင်း ဟစ်ဇ်ဘိုလာ ဒုံးကျည်ငါးဆယ်ကို ဖျက်ဆီးခဲ့ပြီး နယ်စပ်အနီးရှိ မီတာ ၁၂၀ ရှည်သော ဥမင်လိုဏ်ခေါင်းတစ်ခုကိုပါ ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရသည်။

အစ္စရေးသည် စက်တင်ဘာ ၂၃ ရက်ကတည်းမှစ၍ Northern Arrows စစ်ဆင်ရေးကို စတင်ကာ လက်ဘနွန်ရှိ ဟစ်ဇ်ဘိုလာ စစ်ဘက်ဆိုင်ရာ ပစ်မှတ်များကို ကြီးမားသော လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။ အစ္စရေး၏ ဦးတည်ချက်ပန်းတိုင်သည် နိုင်ငံ၏မြောက်ပိုင်းဒေသများတွင် ဘေးကင်းသောအခြေအနေများဖန်တီးရန်ဖြစ်ပြီး ထောင်နှင့်ချီသောဒေသခံများ ၎င်းတို့၏နေရပ်များသို့ပြန်နိုင်စေရန်ဖြစ်သည်။ ဟစ်ဇ်ဘိုလာခေါင်းဆောင် Hassan Nasrallah သည် စက်တင်ဘာ ၂၇ ရက်က ဘေရွတ်မြို့ကို အစ္စရေး၏ တိုက်ခိုက်မှုတွင် သေဆုံးခဲ့ကြောင်း သိရသည်။ အောက်တိုဘာ ၁ ရက် အစောပိုင်းတွင် လက်ဘနွန်နယ်စပ်ရှိ မြေပြင်စစ်ဆင်ရေးကို အစ္စရေးက ကြေညာခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here