မော်လမြိုင်မြို့၊ ရခိုင်ကုန်းရပ်ကွက်ရှိ ဘုန်းကြီးကျောင်းတွင် ဝါယာရှော့မှ တဆင့် မီးလောင်မှုဖြစ်ပွား

0
31

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ ရခိုင်ကုန်းရပ်ကွက်ရှိ မင်္ဂလာတပ်ဦးဘုန်းကြီးကျောင်းတွင် ဝါယာရှော့ဖြစ်ကာ မီးလောင်မှုကြောင့် ဆရာတော်ကြီး သီတင်းသုံးတော်မူသည့် အခန်းမှာ မီးလောင်ပျက်စီးခဲ့ရကြောင်း မော်လမြိုင်မြို့နယ်မီးသတ်စခန်းနှင့် ဒေသခံတို့ထံမှ သိရသည်။

ယမန်နေ့ အောက်တိုဘာ (၁၄) ရက်၊ ည(၇)နာရီအချိန်ခန့်၊ အဆိုပါ ဘုန်းကြီးကျောင်းတွင် မီးလောင်မှု ဖြစ်ပွားကြောင်း သတင်းအရ မော်လမြိုင်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၅)စီး၊ နယ်မြေခံလူမှုကူညီရေးအသင်များနှင့် ဒေသခံတို့မှ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။

“ရခိုင်ကုန်းရပ်ကွက်က မင်္ဂလာတပ်ဦးဘုန်းကြီးကျောင်းမှာ ဝါယာရှော့ဖြစ်ပြီး မီးလောင်တာလို့ သိရတယ်။ ဆရာတော် သီတင်းသုံးတဲ့အခန်းကတော့ မီးလောင်မှုများတယ်လို့ ပြောကြတယ်။ အသိမြန်တော့ ဝိုင်းငြိှမ်းကြတာ သိပ်မကြာဘူး ငြိမ်းသွားပါတယ်။”ဟု ဒေသခံ တစ်ဦးက ပြောသည်။

အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် ဆရာတော်ကြီး သီတင်းသုံးတော်မူသည့် အခန်းမှာ မီးလောင်ပျက်စီးမှု များခဲ့ကြောင်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ နယ်မြေခံလူမှုကူညီရေးအသင်များနှင့် ဒေသခံများ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ည (၇)နာရီ၊ (၁၄)မိနစ်အချိန်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။

Photo-Min Satt ArNar


LEAVE A REPLY

Please enter your comment!
Please enter your name here