သီတင်းကျွတ်ကန်တော့သည့် ပစ္စည်းများ စျေးကွက်တွင် အရောင်းသွက်

0
26

မြန်မာ့ရိုးရာ အစဉ်အလာဖြစ်သည့် သီတင်းကျွတ်ကာလတွင် လူကြီးမိဘများအား ဂါရဝပြုကန်‌တော့ရန် အသုံးပြုကြသည့်ပစ္စည်းများ စျေးကွက်အတွင်း အရောင်းသွက်နေသည်။

ယင်းကဲ့သို့ ပစ္စည်းများအရောင်းသွက်နေသော်လည်း အများစုမှာ စျေးနှုန်းသက်သာသည့် ပစ္စည်းများကိုသာ အဓိကထားရောင်းချနေရကြောင်း ဆိုင်ရှင်များ၊ ဝယ်ယူသူများထံမှ သိရသည်။

“ကန်တော့ဖို့လာဝယ်ကြတာလေးတွေရှိတယ်။ ခြင်းဝယ်မယ် ၊ မျက်နှာပန်းလည်းလှချင်တယ်၊ စျေးလည်းသက်သာဖို့အတွက် သူတို့ ရှာဝယ်ကြတယ်” ဟု ရန်ကင်းမြို့နယ်အတွင်း ကန်တော့ပစ္စည်းခြင်းများရောင်းချပေးနေသည့် ဆိုင်ရှင်တစ်ဦးက ပြောသည်။

ကန်တော့ခြင်းများသည် မိမိစိတ်ကြိုက်ပစ္စည်းများထည့်ပါက တန်ဖိုးငွေများနိုင်သော်လည်း ဆိုင်မှ ပြုလုပ်ပေးထားသည့် ကန်တော့ခြင်းများသည် စျေးသက်သာသည့်အတွက် ဝယ်ယူသူများသည်ဟု သူကထပ်ရှင်းပြသည်။

“ဆိုင်က အမတို့လုပ်ပေးထားတာရှိတယ်။ အနိမ့်ဆုံးတောင် နှစ်သောင်းခွဲတော့ရှိတယ်။ အဲဒါလေးတွေ ရောင်းရတယ်” ဟု ပြောသည်။

သီတင်းကျွတ်ပွဲတော်၊ တန်ဆောင်တိုင်ပွဲတော်နှင့် သကြင်္န်ပွဲတော်သည် မြန်မာ့ထုံးတမ်းစဉ်လာများအနက် ထင်ရှားပြီး ယင်းပွဲတော်များတွင် မိမိထက် ဝါကြီး၊ ဂုဏ်ကြီးသော မိဘဆရာများကို ဂါရဝပြုကန်တော့ကြသည့် အစဉ်အလာရှိသည်။

ယခုခေတ်ကာလတွင်မူ စီးပွါးရေးအခက်အခဲအချို့ကြောင့် လူကြီးမိဘများကို ဂါရဝပြုကန်တော့နိုင်ရန် ရုန်းကန်နေရသူများရှိနေသလို အများစုသည် စျေးနှုန်း သင့်တင့် သက်သာသည့် ကန်တော့ပစ္စည်းများကို ရွေးချယ်ဝယ်ယူနေကြရသည်။

“အိမ်ကတော့ ပစ္စည်းမပါလည်း ဘာမှမပြောပါဘူး၊ လူပြန်လာရင်ကို တွေ့နေရရင်ကို ပျော်နေတာ၊ အခုက ရန်ကုန်မှာကိုယ်လည်း လစာက စားသောက်စရိတ်နဲ့ဘာမှမကျန်တော့ စျေးသင့်တာလေးဝယ်ပြီး အိမ်ပြန်ကန်တော့ရတယ်” ဟု ရန်ကုန်၊ လှည်းတန်းတွင် အဆောင်နေသူတစ်ဦးက ပြောသည်။

လက်ရှိတွင် စျေးကွကိအတွင်း၌ သီတင်းကျွတ် မီးထွန်းပစ္စ ည်းများနှင့်အတူ ကန်တော့ခံပစ္စည်းများဖြစ်သည့် မုန့်မျိုးစုံ၊ အဝတ်အထည်များ အရောင်းများနေကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here