အိန္ဒိယနိုင်ငံ၏ အကူအညီ (Grant Aid) ဖြင့် ဆောင်ရွက်နေသည့် လမ်းပိုင်းများ အဆင့်မြှင့်တင်ခြင်း၊ တံတားများ ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများနှင့် စပ်လျဉ်း၍ ဆွေးနွေး

0
30

အိန္ဒိယနိုင်ငံ၏ အကူအညီ အထောက်အပံ့ (Grant Aid) ဖြင့် ဆောင်ရွက်နေသော လမ်းပိုင်းများ အဆင့်မြှင့်တင်ခြင်း၊ တံ တား(၆၉)စင်း ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် နှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီးတို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်သည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယ သံအမတ်ကြီး မစ္စတာအဘ်ဟေးတာကူးရ် (H.E. Mr. Abhay Thakur) ကို အောက်တိုဘာ (၁၄)ရက်၊ မွန်းလွဲ (၁) နာရီက နေပြည်တော်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံရာတွင် ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

ထိုသို့ တွေ့ဆုံစဉ် မြန်မာ – အိန္ဒိယ နှစ်နိုင်ငံ ပူးပေါင်းဆောင် ရွက်လျက်ရှိသော လမ်းပန်းဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုး တက်ရေး၊ နယ်စပ်ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ကုန်စည်စီးဆင်းမှု ပိုမိုမြန်ဆန်ချောမွေ့၍ ဒေသခံများ၏ လူမှုစီးပွားဘဝ ပိုမိုတိုးတက်စေရန် ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက် ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့ပြင် အိန္ဒိယနိုင်ငံ၏ အကူအညီ အထောက်အပံ့ (Grant Aid) ဖြင့် ဆောင်ရွက်နေသော ယာကြီး – ကလေးဝ လမ်းအပိုင်း အဆင့်မြှင့်တင်ခြင်း၊ တမူး – ကျီကုန်း – ကလေးဝ လမ်းပေါ်ရှိ တံတား(၆၉)စင်း ပြုပြင် ထိန်းသိမ်းခြင်း၊ ပလက်ဝ – ဇိုရမ်ပူလမ်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများနှင့် စပ်လျဉ်း၍ ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဝန်ထမ်းအကြီးအမှူးများနှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here