မြောက်ကိုရီးယားက နှစ်နိုင်ငံ နယ်စပ်ဖြတ်ကျော် လမ်းများကို ဖောက်ခွဲဖို့ ပြင်ဆင်နေ-ဆိုးလ်

0
13
A North Korean guard post (top) on the North side of the Demilitarised Zone (DMZ) dividing the two Koreas, is seen over a South Korean guard post (bottom) from the border city of Paju on October 9, 2024. - North Korea's army said on October 9 it was moving to "permanently shut off and block the southern border" with Seoul and had informed the US military to prevent an accidental clash. (Photo by Jung Yeon-je / AFP)

မြောက်ကိုရီးယားသည် စစ်အင်အားအလုံးအရင်းဖြင့်ရှိ‌သောသော တောင်ကိုရီးယားနှင့် နယ်စပ်ရှိ နှစ်နိုင်ငံဖြတ်ကျော်လမ်းများကို ဖောက်ခွဲပစ်ရန် အသင့်ပြင်ထားသည်ဟု တနင်္လာနေ့တွင် ဆိုးလ်က ပြောဆိုသည်။ မြို့တော် ပြုံယမ်းဝေဟင်သို့ တောင်ကိုရီးယားဘက်က ဒရုန်းများစေလွှတ်ခဲ့သည်ဟု မြောက်ကိုရီးယားက စွပ်စွဲခဲ့ပြီးနောက်ပိုင်း စကားစစ်ထိုးပွဲများ ပြင်းထန်လာချိန်တွင် ယခုကိစ္စထပ်မံဖြစ်လာခြင်းဖြစ်သည်။

မြောက်ကိုရီးယားစစ်သည်များသည် အနောက်ဘက်နှင့် အရှေ့ဘက်ကမ်းရိုးတန်းများအနီး ၎င်းတို့ နယ်စပ်ဘက်ခြမ်းရှိ လမ်းများပေါ်တွင် ပုန်းလျှိုးကွယ်လျှိုး လုပ်ကိုင်ဆောင်ရွက်ခြင်းများ ရှိနေပြီး အစောဆုံးအားဖြင့် တနင်္လာနေ့လောက်တွင် လမ်းများကို ဖောက်ခွဲဖျက်ဆီးပစ်ရန် ပြင်ဆင်နေဖွယ်ရှိသည်ဟု တောင်ကိုရီးယား စစ်တပ်ပြောရေးဆိုခွင့်ရှိသူက ပြောဆိုခဲ့သည်။

တောင်ကိုရီးယားနှင့် ဆက်သွယ်ထားသော ကားလမ်း၊ ရထားလမ်းများကို လုံး၀ ဖြတ်တောက်ပစ်မည်ဖြစ်ကာ ၎င်းတို့နယ်စပ်ဘက်ခြမ်းရှိ နယ်မြေများကို အင်အားဖြည့်တင်းသွားမည်ဟု ပြီးခဲ့သည့် သီတင်းပတ်တွင် မြောက်ကိုရီးယားစစ်တပ်က ပြောဆိုကြောင်း နိုင်ငံပိုင် KCNA သတင်းဌာနက ဖော်ပြခဲ့သည်။

သီးခြားဖြစ်စဉ်အားဖြင့် တောင်ကိုရီးယားသည် ပြုံယမ်းဝေဟင်သို့ ဒရုန်းများ စေလွှတ်ကာ မြောက်ကိုရီးယား ကို ဆန့်ကျင်သော လက်ကမ်းစာစောင်အများအပြား ကို ဝေဟင်မှကြဲချခဲ့သည်ဟု သောကြာနေ့တွင် မြောက်ကိုရီးယားက စွပ်စွဲခဲ့ပြီး ယင်းလုပ်ရပ်သည် လက်နက်ကိုင် ပဋိပက္ခကို ဦးတည်သွားစေနိုင်သည့် နိုင်ငံရေး၊ စစ်ရေးအရ ရန်စမှုဖြစ်သည်ဟု ပြောဆိုခဲ့သည်။

တောင်ကိုရီးယား၏ ပူးတွဲစစ်ဦးစီးချုပ်များရုံးမှ ပြောရေးဆိုခွင့်ရှိသူ လီဆန်းဂျွန်ကမူ အဆိုပါဒရုန်းများကို တောင်ကိုရီးယား စစ်ဖက် သို့မဟုတ် အရပ်ဖက်က စေလွှတ်ခဲ့သ‌လော ဆိုသည့် မေးခွန်းများကို ဖြေကြားရန် တနင်္လာနေ့တွင် ငြင်းဆိုသွားခဲ့သည်။

Ref: အာရပ်နူးစ်


LEAVE A REPLY

Please enter your comment!
Please enter your name here