Saturday, January 18, 2025

မုံရွာမြို့တွင် မီးခိုးမြူငွေ့ ကင်းစင်ရေး ရိုးပြတ်၊...

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် မီးခိုးမြူငွေ့ ကင်းစင်ရေး ရိုးပြတ်၊ ယူရီးယားနှင့် အီးအမ် အသုံးပြု၍ ထယ်ထိုးမြေမြှုပ်သည့်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ "တောင်သူတွေအနေနဲ့ နွေစပါး၊ မိုးစပါး...

ကျောက်ထီးတန္တု သာသနာပြုစေလိုသည့် နဝဓုတင်္ဂါစာရ မဟာထေရ်မြတ်ကြီး၏...

ဧရာဝတီတိုင်း၊ ဟင်္သာတမြို့၊ မဟာစေတျာရာမဘုရားကြီးကျောင်းတိုက်၏ သြဝါဒါစရိယ နဝဓုတင်္ဂါစာရ မဟာထေရ်မြတ်ကြီး ဘဒ္ဒန္တ ပညာသာရ သက်တော်(၇၆)နှစ်၊ ဝါတော်(၅၂)ဝါသည် သီ တင်းသုံးနေထိုင်တော်မူလျက်ရှိသည့် ဇောတိကာရုံကျောင်းဆောင်တွင်...

နာဂဒေသအား အေးချမ်းသည့်၊ ငြိမ်းချမ်းသည့်ဒေသအဖြစ် အမြဲထိန်းသိမ်းထားရန်လိုအပ်

နာဂဒေသအား အေးချမ်းသည့်၊ ငြိမ်းချမ်းသည့်ဒေသအဖြစ် အမြဲထိန်းသိမ်းထားရန်လိုအပ်သည်ဟု နစက ဒု-ဝန်ကြီးချုပ်၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမောင်မောင်အေးမှ ဇန်နဝါရီ ၁၅ ရက်နံနက်ပိုင်းက နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊...

မော်လမြိုင်မြို့ SONY ဆိုင်မီးလောင်မှုတွင် တွေ့ရှိခဲ့ရသည့်...

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ရွှေတောင်ရပ် ကွက်၊ အောက်လမ်းမကြီးတွင်ဖွင့်လှစ်ထားသည့် SONY ဆိုင်တွင် ယနေ့ ဇန်နဝါရီ ၁၇ ရက်နေ့လည် ၁ နာရီခန့်က...
HomeNewsLocal Newsလက်နက်ကိုင်အကြမ်းဖက်နည်းလမ်းဖြင့် တောင်းဆိုမှုများကို လိုက်လျောပေးသွားမည်မဟုတ်ဟု...

လက်နက်ကိုင်အကြမ်းဖက်နည်းလမ်းဖြင့် တောင်းဆိုမှုများကို လိုက်လျောပေးသွားမည်မဟုတ်ဟု နစက ဥက္ကဋ္ဌ ပြော

လက်နက်ကိုင် နည်းလမ်းဖြင့် တောင်းဆိုနေမှုများကို လိုက်လျောပေးမည်မဟုတ်ဘဲ နိုင်ငံရေးစကားဝိုင်းသို့ လာရောက်ဆွေးနွေးအဖြေရှာကြရန် နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

ယနေ့ ကျရောက်သည့် NCA လက်မှတ်ရေးထိုးခြင်း (၉)နှစ်ပြည့်နေ့တွင် ပေးပို့သည့်သဝဏ်လွှာတွင် ထိုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော့်အနေနဲ့ လက်နက်ကိုင် အကြမ်းဖက် တောင်းဆိုမှုတွေအပေါ် လိုက်လျောဖြေရှင်းပေးသွား မှာ မဟုတ်ဘူးဆိုတာ ပြောကြားလိုပါတယ်” ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုသည်။

တိုင်းရင်းသား လက်နက်ကိုင်များ အနေဖြင့်လည်း NCA ကို လေးစားလိုက်နာပြီး ပူးပေါင်းဆောင်ရွက်ကြရန်နှင့် ယင်းကဲ့သို့ ပူးပေါင်းဆောင်ရွက်ရာတွင်လည်း ထာဝရငြိမ်းချမ်းရေးကို အမှန်တကယ် လိုလားစိတ်နှင့် အချင်းချင်းပွင့်လင်း မြင်သာမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုများဖြင့် ချမှတ်ထားပြီးသား ကတိကဝတ်များကို လိုက်နာစောင့်ထိန်းသွားကြရန်လည်း ၎င်းကတိုက်တွန်းပြောကြားခဲ့သည်ကို တွေ့ရသည်။

ထို့ပြင် ပြည်တွင်း၌ ဖြစ်ပေါ်နေသည့် ပဋိပက္ခများသည် နိုင်ငံရေးအမြင်မတူမှုများမှ ပေါ်ပေါက်လာခြင်းဖြစ်သည့်အတွက် နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းအရ ဖြေရှင်းကြရန် ဖိတ်ခေါ်မှုများ ပြုလုပ်လျက်ရှိပြီး အားလုံးက နိုင်ငံ့အကျိုးအတွက် တွေ့ဆုံဆွေးနွေးမှု လမ်းကြောင်းတွင် ပါဝင်လျှောက်လှမ်းကြရန်လည်း တိုက်တွန်းပြောကြားခဲ့သည်။

မလိုလားအပ်သည် လက်နက်ကိုင်လမ်းစဉ်တွေကြောင့် နိုင်ငံတစ်ဝန်း ဆူပူအကြမ်းဖက်မှုများကြောင့် အပြစ်မဲ့ပြည်သူများ၊ ကလေ-းသူငယ်များနဲ့ ရဟန်းသံဃာများပါမကျန် ‌ေ- သဆုံးခဲ့ကြရမှုများသည် တိုင်းပြည်၏ နစ်နာမှုများ ဖြစ်ကြောင်း လည်း ၎င်းက ဆိုသည်။

NCA ကိုလက်မှတ်ရေးထိုးရခြင်း၏ ရည်ရွယ်ချက်သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးမှသည် ရေရှည် တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေး၊ တိုင်းရင်းသားများအရေးနှင့် ဒီမိုကရေစီ အရေးအတွက်ပင်ဖြစ်ကြောင်းလည်း သဝဏ်လွှာတွင် ထည့်သွင်း ပြောကြားခဲ့သည်။

“ဒီမိုကရေစီအရေးနဲ့ တိုင်းရင်းသားအရေးဆိုရာမှာ ကျွန်တော် တို့ဟာ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ပြည်ထောင်စုကို ရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိပါတယ်” ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုသည်။

တပ်မတော်အနေဖြင့် အကြမ်းဖက်များအား နှိမ်နင်းရန်လိုအပ်သည့် လုပ်ဆောင်သင့် လုပ်ဆောင်ထိုက်သည်များကို ထပ်မံဆောင်ရွက်မည် ဖြစ်သည့်အတွက် ပြည်သူများအနေဖြင့် အကြမ်းဖက်သမားများ၏ အသုံးချမှု မခံရအောင် သတိပြုကြရန် ထပ်မံအသိပေးပြောကြားလိုကြောင်းလည်း ပြောကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မုံရွာမြို့တွင် မီးခိုးမြူငွေ့ ကင်းစင်ရေး ရိုးပြတ်၊ ယူရီးယားနှင့် အီးအမ် အသုံးပြု၍ ထယ်ထိုးမြေမြှုပ်သည့်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် မီးခိုးမြူငွေ့ ကင်းစင်ရေး ရိုးပြတ်၊ ယူရီးယားနှင့် အီးအမ် အသုံးပြု၍ ထယ်ထိုးမြေမြှုပ်သည့်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ "တောင်သူတွေအနေနဲ့ နွေစပါး၊ မိုးစပါး စိုက်ခင်းတွေကို ရိတ်သိမ်းပြီးရင် ကောက်ရိုး၊ ရိုးပြတ်တွေကို မီးရှို့လို့ ထွက်ရှိလာမယ့် မီးခိုးမြူငွေ့တွေ လျော့ချနိုင်ရေးနဲ့ ပတ်ဝန်းကျင် ညစ်ညမ်းမှုတွေ လျော့နည်းသက်သာစေဖို့ မြေဆီလွှာအတွင်း သဘာဝမြေဆွေးဓာတ်တွေ ပြန်လည်တိုးပွားလာပြီး စဉ်ဆက်မပျက် စိုက်ပျိုးနိုင်ရေးတို့အတွက် ယူရီးယားနဲ့အီးအမ်တွေကို ကောက်ရိုး၊ ရိုးပြတ်တွေပေါ် ပက်ဖျန်းပက်ကျဲပေးပြီးထယ်ထိုးမြေမြှုပ်ပေးရင်အကျိုးကျေးဇူးအလွန်များပါတယ်"ဟု မြေအသုံးချရေးဌာနခွဲမှ စစ်ကိုင်းတိုင်း မြေအသုံးချရေး တာဝန်ခံ ဒေါ်ခင်ထွေးဝင်းက ပြောသည်။ ဇန်နဝါရီလ...

ကျောက်ထီးတန္တု သာသနာပြုစေလိုသည့် နဝဓုတင်္ဂါစာရ မဟာထေရ်မြတ်ကြီး၏ ထေရုပ္ပတ္တိတော်

ဧရာဝတီတိုင်း၊ ဟင်္သာတမြို့၊ မဟာစေတျာရာမဘုရားကြီးကျောင်းတိုက်၏ သြဝါဒါစရိယ နဝဓုတင်္ဂါစာရ မဟာထေရ်မြတ်ကြီး ဘဒ္ဒန္တ ပညာသာရ သက်တော်(၇၆)နှစ်၊ ဝါတော်(၅၂)ဝါသည် သီ တင်းသုံးနေထိုင်တော်မူလျက်ရှိသည့် ဇောတိကာရုံကျောင်းဆောင်တွင် ထိုင်လျှက်အနေအထားဖြင့် ဓူတင်ကျင့်ဆောင်တော်မူနေစဥ် ဇန်နဝါရီ ၁၃ ရက်နံနက် ၅ နာရီ ၄၀ မိနစ်က ထိုင်လျှက်အနေအ ထားဖြင့်ပင် ရုတ်တရက် ဘဝနတ်ထံပျံလွန်တော်မူသွားခဲ့သည်။ နဝဓုတင်္ဂါစာရ မဟာထေရ်မြတ်ကြီးအား ၁၉၄၉ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက် ကြာသာပတေးနေ့တွင် ဧရာဝတီတိုင်း၊ ဟင်္သာတမြို့၌ အဖ ဦးလှရွှေ၊ အမိ ဒေါ်အေးတင်တို့မှ...

နာဂဒေသအား အေးချမ်းသည့်၊ ငြိမ်းချမ်းသည့်ဒေသအဖြစ် အမြဲထိန်းသိမ်းထားရန်လိုအပ်

နာဂဒေသအား အေးချမ်းသည့်၊ ငြိမ်းချမ်းသည့်ဒေသအဖြစ် အမြဲထိန်းသိမ်းထားရန်လိုအပ်သည်ဟု နစက ဒု-ဝန်ကြီးချုပ်၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမောင်မောင်အေးမှ ဇန်နဝါရီ ၁၅ ရက်နံနက်ပိုင်းက နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့၌ကျင်းပသည့် ၂၀၂၅ ခုနှစ်၊ နာဂရိုးရာ နှစ်သစ်ကူးပွဲတော်အခမ်းအနားတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ နာဂဒေသသည် တည်ငြိမ်အေးချမ်းသည့်ဒေသဖြစ်၍ ကဏ္ဍအလိုက်လိုအပ်သည်များကို နိုင်ငံ တော်မှ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း ပြည် ထောင်စုဘဏ္ဍာရန်ပုံငွေဖြင့် လုပ်ငန်း(၈၂)ခု၊ တိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေဖြင့် လုပ်ငန်း(၁၅၈) ခုဖြင့် နာဂဒေသဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကို အကျိုးပြုဆောင်ရွက်ပေးနိုင်ခဲ့သည်ဟု ပြောသည်။ " ဆူပူသောင်းကျန်းမှုတွေမရှိတဲ့ အေးချမ်းတဲ့ဒေသတွေမှာ မိသားစုအကျိုး၊ ရပ်ရွာအကျိုး၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071