အရှေ့အလယ်ပိုင်း‌အေးချမ်းရေး၌ တရုတ်သည် အပြုသဘောဆောင်သောအခန်းကဏ္ဍမှပါဝင်မည်

0
41
China’s Foreign Minister Wang Yi speaks during the 79th Session of the United Nations General Assembly at the United Nations headquarters in New York City on September 28, 2024. (Photo by Bryan R. SMITH / AFP)

ပေကျင်း၊အောက်တိုဘာ ၁၄

အရှေ့အလယ်ပိုင်းဒေသတွင်း တင်းမာမှုများနှင့်ပတ်သက်၍ တရုတ်နိုင်ငံသည် တာဝန်သိစိတ်ဖြင့်ဆက်လက်ရပ်တည်ပြီး ပဋိပက္ခအေးငြိမ်းစေရေးအတွက် အပြုသဘောဆောင်သောအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိကပြောကြားခဲ့သည်။

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်တစ်ဦးလည်းဖြစ်သည့် ဝမ်သည် အီရန်နိုင်ငံခြားရေးဝန်ကြီး Seyyed Abbas Araghchi နှင့် ဖုန်းဖြင့်ဆက်သွယ်ဆွေးနွေးစဉ် ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

နှစ်ဘက်စလုံးက တရုတ် – အီရန် ဆက်ဆံရေးကို အလေးပေးပြောဆိုခဲ့ကြပြီး ရာထူးအဆင့်တိုင်းတွင် နှစ်ဘက် တွေ့ဆုံမှုများကို ဆက်လက် ဆောင်ရွက်ကာ လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်ကတိကဝတ်ပြုခဲ့ကြသည်ဟုလည်းသိရသည်။

လက်ရှိအချိန်၌ အရှေ့အလယ်ပိုင်းဒေသအတွင်း တင်းမာမှုအခြေအနေ ထပ်မံတိုးမြင့်လာမည့် အန္တရာယ်အတွက် အီရန်ဘက်ကလည်း အလွန်စိုးရိမ်မိကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးကပြောကြားခဲ့သည်။

အီရန်အနေဖြင့် နိုင်ငံတကာရေးရာများ၌ တရုတ်နိုင်ငံ၏ ဩဇာလွှမ်းမိုးမှုဖြင့် လက်ရှိအခြေအနေကို သံတမန်နည်းလမ်းနှင့်ဖြေရှင်းနိုင်ရန် တရုတ်နှင့်ညှိနှိုင်းဆောင်ရွက်မှုကို အားကောင်းစေလိုကြောင်းပြောကြားခဲ့ပြီး အစ္စရေးအနေဖြင့်လည်း အန္တရာယ်များကိုရှောင်ရှားကာ သတိကြီးကြီးဖြင့်ဆက်လုပ်သင့်ကြောင်းပြောကြားခဲ့သည်။

မစ္စတာဝမ်ယိကမူ လက်ရှိ ဂါဇာပဋိပက္ခ၏ အကျိုး သက်ရောက်မှုများမှာ သိသိသာသာပျံ့နှံ့နေပြီး ဒေသတွင်းတင်းမာမှုများ ကိုအဆက်မပြတ်ကြီးထွားလာစေကြောင်းပြောကြားခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့်လည်း အရှေ့အလယ်ပိုင်းအရေး၌ အပြုသဘောဆောင်သောအခန်းကဏ္ဍမှပါဝင်ဆောင်ရွက်မည်ဖြစ်ကာ အီရန်၏ ကြားဝင်ဖျန်ဖြေရေးကြိုးပမ်းမှုများအတွက် ကျေနပ်မိပါကြောင်းလည်းပြောကြားခဲ့သည်။

Source : ရှင်းဟွာ


LEAVE A REPLY

Please enter your comment!
Please enter your name here