ကနေဒါနှင့်အိန္ဒိယတို့က သံတမန်များကို အပြန်အလှန်နှင်ထုတ်

0
28
Canadian Prime Minister Justin Trudeau (C), with Foreign Minister Mélanie Joly (R) and Public Safety Minister Dominic LeBlanc speaks during a press conference on October 14, 2024, on Parliament Hill in Ottawa, after Canada expelled six top Indian diplomats, including the country's ambassador. - India and Canada each expelled the other's ambassador and five other top diplomats, after New Delhi said its envoy had been named among "persons of interest" following the 2023 murder of Canadian citizen Hardeep Singh Nijjar, a Sikh separatist leader. (Photo by Dave Chan / AFP)

နူးဒေလီ၊အောက်တိုဘာ ၁၅

အိန္ဒိယနိုင်ငံက ကနေဒါရှိ မဟာမင်းကြီး Sanjay Kumar Verma အပါအဝင် အခြားသံတမန်များနှင့် အရာရှိများကို ကနေဒါမှထွက်ခွာစေရန်ဆုံးဖြတ်ပြီးနောက် နူးဒေလီရှိ ကနေဒါသံတမန်ခြောက်ဦးကိုလည်း စနေနေ့နောက်ဆုံးထား နိုင်ငံတွင်းမှထွက်ခွာရန် ဒေလီက တောင်းဆိုခဲ့ကြောင်းသိရသည်။

ကနေဒါကလည်း အိန္ဒိယ၏မဟာမင်းကြီး အပါအဝင် အခြား အိန္ဒိယသံတမန်ခြောက်ဦးကို ထုတ်ပယ်ကြောင်းကြေငြာခဲ့သည်။

ကနေဒါစုံစမ်းစစ်ဆေးရေးကိစ္စနှင့်ပတ်သက်၍ အိန္ဒိယမဟာမင်းကြီးနှင့် အခြားသံတမန်များသည် သံသယရှိသူများဖြစ်သဖြင့် နိုင်ငံမှနှင်ထုတ်ခြင်းဖြစ်သည်ဟု ကနေဒါက ပြောကြားခဲ့သကဲ့သို့ နူးဒေလီကလည်း အဆိုပါစွပ်စွဲချက်ကို ပြင်းပြင်းထန်ထန်ပယ်ချခဲ့သည်။

ကနေဒါဝန်ကြီးချုပ် ဂျက်စတင်ထရူးဒူးသည် ဇွန်လကဖြစ်ပေါ်ခဲ့သည့် ဆစ်ခ်ခွဲထွက်ရေးခေါင်းဆောင် Hardeep Singh Nijjar ကိုသ–တ်ဖြ–တ်မှုတွင် အိန္ဒိယအေးဂျင့်များပါဝင်နေသည်ဟုစွပ်စွဲခဲ့သဖြင့် ၂၀၂၃ ခုနှစ် စက်တင်ဘာလမှစကာ နူးဒေလီနှင့်ကနေဒါတို့အကြား သံတမန်ရေးရာအငြင်းပွားမှုများဖြစ်‌နေခဲ့သည်။

အိန္ဒိယဘက်ကမူ ကနေဒါ၏ အဆိုပါစွပ်စွဲချက်များကို ပြတ်ပြတ်သားသားငြင်းဆိုခဲ့ပြီး ၎င်းစွပ်စွဲချက်များသည် အဓိပ္ပာယ်မဲ့ သော လှုံ့ဆော်မှုတစ်ခုသာဖြစ်သည်ဟုလည်းဖော်ပြခဲ့သည်။

Source : ရှင်းဟွာ


LEAVE A REPLY

Please enter your comment!
Please enter your name here