Saturday, December 21, 2024

နိုင်ငံ၏လျှပ်စစ်ဓာတ်အားလိုအပ်ချက်အတွက် ၅၅ ရာခိုင်နှုန်းခန့်သာ ထုတ်လုပ်ပေးနိုင်လျက်ရှိ

နိုင်ငံအတွင်းရှိ နေရာအနှံ့၌ လျှပ်စစ်ဓာတ်အားပြတ်တောက်ချိန်များပြားကြာမြင့်လာခြင်းနှင့်ပတ်သက်၍ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ရှင်းလင်းထုတ်ပြန်အသိပေးခဲ့ခြင်းဖြစ်သည်။ နိုင်ငံ၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်မှာ နှစ်စဉ် (၉)ရာခိုင်နှုန်းခန့် တိုးတက်သုံးစွဲလျက်ရှိပြီး လျှပ်စစ်မီးသုံးစွဲသူများ၏ တစ်ရက်အတွက် လျှပ်စစ်ဓာတ်အားပျမ်းမျှလိုအပ်ချက်မှာ (၄၄၀၀)မဂ္ဂါဝပ်ဖြစ်သော်လည်း...

ကမ္ဘာ့ပထမဆုံး အာကာသဆာကေး အရက် ဂျပန်...

ဂျပန်ဆာကေး ယမကာချက်လုပ်သော ကုမ္ပဏီတစ်ခုသည် ကမ္ဘာ့ပထမဆုံး အာကာသဆာကေး အရက်ချက်ရန် ကြိုးပမ်းမည်ဖြစ်ပြီး တစ် ပုလင်း သာ ထုတ်လုပ်ကာ ယင်းကို ရောင်းချ၍ရရှိသည့်...

HomeNewsLocal Newsသီတင်းကျွတ်လပြည့်ည မန္တလေးကျုံးထောင့်၌ ပုဂံရွှေစည်းခုံပုံတူစေတီ...

သီတင်းကျွတ်လပြည့်ည မန္တလေးကျုံးထောင့်၌ ပုဂံရွှေစည်းခုံပုံတူစေတီ ဆီမီး(၁၀၀၀၀)ထွန်းညှိပူဇော်ပွဲ ကျင်းပမည်

သီတင်းကျွတ်လပြည့်ည အောက်တိုဘာလ (၁၇)ရက်တွင် မန္တလေးမြို့ရှိ နန်းမြို့ရိုး ကျုံးထောင့်၌ ပုဂံရွှေစည်းခုံပုံတူစေတီကို ဆီမီး(၁၀၀၀၀) ထွန်းညှိပူဇော်ပွဲ၊ မီးထွန်းပွဲတော်၊ ဖျော်ဖြေရေးမဏ္ဍပ်နှင့် စတုဒိသာကျွေးမွေးခြင်း အစီအစဉ်များဖြင့် ကျင်းပပြုလုပ်ရန် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်လျက်ရှိကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။

သီတင်းကျွတ်လပြည့်ညအတွက် ပုဂံရွှေစည်းခုံပုံတူစေတီကို ဆီမီး (၁၀၀၀၀) ထွန်းညှိပူဇော်ပွဲနှင့် အတူ မီးထွန်းပွဲတော်ကို ကျုံးတောင်ဘက် (၂၆) လမ်း၊ (၆၆)လမ်းနှင့် (၇၃) လမ်းကြားတွင် ရောင်စုံမီးပုံးအလှများ ချိတ်ဆွဲထွန်းညှိကာ အလှဆင်သွားမည်ဖြစ်ကြောင်း ပွဲကျင်းပရေးကော်မတီထံမှ သိရသည်။

သီတင်းကျွတ်ပွဲတော် ဖွင့်ပွဲအခမ်းအနားကို သီတင်းကျွတ် လပြည့်နေ့ အောက်တိုဘာ(၁၇)ရက်၊ ည(၆)နာရီတွင် (၂၆) လမ်းနှင့် (၆၆) လမ်းထောင့်၌ ပြုလုပ်ပြီးနောက် မြို့တော်စည်ပင်သာယာရေးကော်မတီ ဖျော်ဖြေရေး မဏ္ဍပ်တွင် နိုင်ငံကျော် အဆိုတော်များနှင့် မြို့ခံအဆိုရှင်များက မန်းစည်ပင်ခေတ်ပေါ် တေးဂီတအဖွဲ့နှင့်အတူ ပွဲတော်သို့ လာရောက်သူများကို ဧည့်ခံဖျော်ဖြေသွားမည်ဖြစ်ကြောင်း သိရသည်။

အခြားသော အစီအစဉ်များအဖြစ် ရိုးရာခြင်းလုံးခတ်ပွဲ၊ ဆင်အကနှင့် တင်ဆက်ဖျော်ဖြေခြင်းများ ထည့်သွင်း ကျင်းပသွားမည်ဖြစ်သည့်အပြင် ကျုံးရေပြင်အတွင်း ဆီမီးမျှောခြင်း၊ မီးထွန်းခြင်း၊ မီးရူးမီးပန်းများ ပစ်လွှတ်ခြင်းနှင့် မီး ပုံးပျံလွှတ်တင်ပူဇော်ခြင်းများကိုပါ ထည့်သွင်းပြုလုပ်မည်ဖြစ်ပြီး ပွဲတော်ကို ယခင်နှစ်ကထက် ပိုမိုကောင်းမွန်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့အတူ (၂၆)လမ်း၊(၆၆)လမ်းနှင့် (၇၃)လမ်းကြားတွင် ပျော်ပွဲရွှင်ပွဲ ကစားစရာများ၊ ဈေးပွဲတော် ဆိုင်ခန်းများ ဖွင့်လှစ်ကာ၊ စတုဒိသာမဏ္ဍပ် (၁၂)ခုတို့က ည (၆)နာရီမှ ည (၁၀) နာ ရီအထိ ပွဲတော်လာ ပြည်သူများကို ဧည့်ခံကျွေးမွေးသွားမည်ဖြစ်ကြောင်း ပွဲတော်ကျင်းပရေးကော်မတီထံမှ သိရသည်။

Photo – internet

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နိုင်ငံ၏လျှပ်စစ်ဓာတ်အားလိုအပ်ချက်အတွက် ၅၅ ရာခိုင်နှုန်းခန့်သာ ထုတ်လုပ်ပေးနိုင်လျက်ရှိ

နိုင်ငံအတွင်းရှိ နေရာအနှံ့၌ လျှပ်စစ်ဓာတ်အားပြတ်တောက်ချိန်များပြားကြာမြင့်လာခြင်းနှင့်ပတ်သက်၍ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ရှင်းလင်းထုတ်ပြန်အသိပေးခဲ့ခြင်းဖြစ်သည်။ နိုင်ငံ၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်မှာ နှစ်စဉ် (၉)ရာခိုင်နှုန်းခန့် တိုးတက်သုံးစွဲလျက်ရှိပြီး လျှပ်စစ်မီးသုံးစွဲသူများ၏ တစ်ရက်အတွက် လျှပ်စစ်ဓာတ်အားပျမ်းမျှလိုအပ်ချက်မှာ (၄၄၀၀)မဂ္ဂါဝပ်ဖြစ်သော်လည်း လက်ရှိအချိန်တွင် လိုအပ်ချက်ထက် တစ်ရက်ပျမ်းမျှ(၂၄၀၀) မဂ္ဂါဝပ်ခန့်သာထုတ်လုပ်နိုင်၍ လိုအပ်ချက်၏ (၅၅)ရာခိုင်နှုန်းခန့်သာ ထုတ်လုပ်ပေးနိုင်လျက်ရှိသည်ဟု အသိပေးခဲ့သည်။ ထိုသို့ လျော့နည်းနေရခြင်းမှာ ၂၃၀ ကေဗွီ၊ ၁၃၂ ကေဗွီ ဓာတ်အားလိုင်းများဖျက်ဆီးခံရမှုကြောင့် ရေအားလျှပ်စစ်စက်ရုံများနှင့် အပူစွမ်းအင်သုံးစက်ရုံများမှ စွမ်းအားပြည့်ဓာတ်အားပို့လွှတ်ဖြန့်ဖြူးနိုင်မှုမရှိခြင်း၊ သဘာဝဘေးအန္တရာယ်ကြောင့် ဓာတ်အားထုတ်လုပ်နိုင်ခြင်းမရှိသည့် ဓာတ်အားပေးစက်ရုံများရှိခြင်း၊ ဓာတ်ငွေ့ခွဲတမ်းလျော့နည်းရရှိမှုများအရ တပ်ဆင်ထားသောစက်များ၏ စက်စွမ်းအားပြည့်လည်ပတ်နိုင်မှုမရှိခြင်းတို့ကြောင့်ဖြစ်သည်ဟု ရှင်းလင်းထုတ်ပြန်ခဲ့သည်။ ထို့ကြောင့် ဖျက်ဆီးခံရသည့် လျှပ်စစ်ဓာတ်အားလိုင်းများနှင့်...

ကမ္ဘာ့ပထမဆုံး အာကာသဆာကေး အရက် ဂျပန် ချက်လုပ်မည်

ဂျပန်ဆာကေး ယမကာချက်လုပ်သော ကုမ္ပဏီတစ်ခုသည် ကမ္ဘာ့ပထမဆုံး အာကာသဆာကေး အရက်ချက်ရန် ကြိုးပမ်းမည်ဖြစ်ပြီး တစ် ပုလင်း သာ ထုတ်လုပ်ကာ ယင်းကို ရောင်းချ၍ရရှိသည့် ယန်း သန်း ၁၀၀(ဒေါ်လာ ၆၄၀၀၀၀) ကို ပြည်တွင်းအာကာသ ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီများသို့ လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။ ယာမာဂူချီ စီရင်စုတွင် တည်ရှိသည့် အဆာဟိ ရှူဇိုကုမ္ပဏီက နိုင်ငံတကာ အာကာသစခန်းတွင် ဆာကေး အရက် ချက်ရာ၌ အသုံးပြုသည့် ဆန်နှင့် အခြားကုန်ကြမ်းများကို ကဇော်ဖောက်ရန် စီစဉ်နေသည်ဟု မကြာခင်က ပြောဆိုခဲ့သည်။ ယင်း...