ယီမင်၊ပါလက်စတိုင်းနှင့်ဆူဒန်ရှိ ဒုက္ခသည်များထံ အင်ဒိုကလူသားချင်းစာနာမှုအကူအညီပေးပို့

0
28

ဂျကာတာ၊အောက်တိုဘာ ၁၅

ယီမင်၊ပါလက်စတိုင်းနှင့် ဆူဒန်နိုင်ငံများမှ ဒုက္ခသည်များအတွက် လူသားချင်းစာနာမှုအကူအညီအဖြစ် အမေရိကန်ဒေါ်လာ ၃ သန်းဖိုးရှိ အထောက်အကူပစ္စည်းများကို အင်ဒိုနီးရှားကပေးပို့ကူညီခဲ့ကြောင်းသိရသည်။

ဂျကာတာမြို့ရှိ လေဆိပ်တစ်ခု၌ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် နိုင်ငံတော်သဘာဝဘေးလျော့ပါးရေးအေဂျင်စီအကြီးအကဲက ယီမင်တွင် သဘာဝဘေးဒဏ်သင့်ခံရသူ ၂၇၀,၀၀၀ ခန့်၊ ကာလဝမ်းရောဂါကူးစက်ခံရသူ ၃,၀၀၀ ဝန်းကျင်နှင့် ရေကြီးမှုဒဏ်ခံခဲ့ရသူ ၄၉၀,၀၀၀ ဝန်းကျင်ရှိပြီး ပိုလီယိုရောဂါဖြစ်ပွား‌နေသည့် ပါလက်စတိုင်း ဒုက္ခသည်ပေါင်း ၁ ဒသမ ၉ သန်းခန့်အသီးသီးရှိကြောင်းပြောကြားခဲ့သည်။

ယင်းနောက် ၎င်းကဆက်လက်၍ ပါလက်စတိုင်း၊ယီမင်နှင့်ဆူဒန်ဒုက္ခသည်များအား တရားဝင်အကူအညီပေးအပ်ခြင်းဖြစ်ပြီး ယနေ့ပင်စတင်ပေးပို့မည်ဖြစ်သည်ဟုလည်းပြောကြားခဲ့သည်။

ပါလက်စတိုင်း၊ဆူဒန်နှင့်ယီမင်တို့သည် ပြီးခဲ့သော ၂ နှစ်အတွင်း အင်ဒိုနီးရှားထံမှအကူအညီများ လက်ခံရရှိသည့် ၁၂ ၊၁၃ နှင့် ၁၄ ခုမြောက်နိုင်ငံများဖြစ်ကြောင်းပြောကြားခဲ့သည်။

အင်ဒိုနီးရှားကပေးပို့သည့် ထောက်ပံ့ကူညီမှုတွင် ဒုက္ခသည်များအတွက်ယာယီတဲများ၊မွေ့ယာများ၊စောင်များ၊မီးချောင်းများ၊အမျိုးသမီးနှင့် ကလေးအဝတ်အထည်များ၊အသင့်စားအစားအစာများ၊ဆေးဝါးများနှင့်အခြားဆေးပစ္စည်း ကိရိယာများပါဝင်သည်ဟုသိရသည်။

Source : ရှင်းဟွာ


LEAVE A REPLY

Please enter your comment!
Please enter your name here