ဂါဇာကမ်းမြောင်၌ လုံးဝအပစ်ရပ်ရန်နှင့်ဓ-ါးစာခံလွှတ်ပေး‌ရန်–ဝမ်ယိ

0
18

ပေကျင်း၊အောက်တိုဘာ ၁၅

တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိက ဂါဇာကမ်းမြောင်ဒေသ၌ အပြီးတိုင်ချက်ချင်းအပစ်အခတ်ရပ်စဲရန်နှင့် ဓ-ါးစာခံများကို လွှတ်ပေးရန် တောင်းဆိုခဲ့ကြောင်းသိရသည်။

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်လည်းဖြစ်သည့် ဝမ်ယိသည် အစ္စရေးနိုင်ငံခြားရေးဝန်ကြီးနှင့် ဖုန်းဖြင့်ဆက်သွယ်စဉ် ယခုကဲ့သို့ တောင်းဆိုခဲ့ခြင်းဖြစ်ပြီး ဂါဇာကမ်းမြောင်ဒေသသို့ လူသားချင်းစာနာထောက်ထားမှုအကူအညီများ ကိုအတားအဆီးမရှိဝင်ရောက်နိုင်ရန်လည်းတောင်းဆိုခဲ့သည်ဟုသိရသည်။

အရှေ့အလယ်ပိုင်း၌ ပဋိပက္ခများ ရှည်ကြာလာသဖြင့် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့်လည်း အလွန်စိုးရိမ်မိကြောင်း ဝမ်က ဆက်လက်ပြောကြားခဲ့သည်။

ဘာသာအယူဝါဒမတူကြသော်လည်း လူသည်လူသာဖြစ်သဖြင့် လူသားချင်းစာနာမှုဆိုင်ရာအကူအညီများ ပေးအပ်ခွင့်ကိုမကန့်သတ်သင့်ကြောင်းနှင့် အကြမ်းဖက်သည့်နည်းဖြင့်သာ ဖြေရှင်းနေပါက ပြဿနာသည် ပြေလည်လာမည်မဟုတ်ဟုလည်း ၎င်းက‌ေပြာသည်။

တရုတ်နိုင်ငံအနေဖြင့် အစ္စရေးနှင့်အီရန်အကြား တင်းမာမှုကို အလွန်စိုးရိမ်ကြောင်း ဝမ်ကပြောကြားခဲ့ပြီး ဒေသတွင်း၌ဖြစ်ပွားနေသည့် ပဋိပက္ခနှင့်မတည်ငြိမ်မှုများသည် မည်သူတစ်ဦးတစ်ယောက်အတွက်မျှ အကျိုးမရှိဟုယုံကြည်ကြောင်းလည်းပြောကြားခဲ့သည်။

Source : ရှင်းဟွာ


LEAVE A REPLY

Please enter your comment!
Please enter your name here