တရုတ်နိုင်ငံအရှေ့ပိုင်း၌ ဆဋ္ဌမအကြိမ်မြောက် ကမ္ဘာ့ဗုဒ္ဓဘာသာဖိုရမ်ဖွင့်လှစ်မည်

0
21

နင်းဘို၊အောက်တိုဘာ ၁၅

ဆဋ္ဌမအကြိမ်မြောက် ကမ္ဘာ့ဗုဒ္ဓဘာသာဖိုရမ်ကို တရုတ်နိုင်ငံအရှေ့ပိုင်း Zhejiang ပြည်နယ်ရှိ ကမ်းရိုးတန်းမြို့နင်းဘိုတွင် အင်္ဂါနေ့မှကြာသပတေးနေ့အထိ ကျင်းပရန်စီစဉ်ထားကြောင်း ပွဲစီစဉ်သူများကပြောကြားခဲ့သည်။

ဗုဒ္ဓဘာသာအသိုင်းအဝိုင်းမှ ကိုယ်စားလှယ်များ၊ကျွမ်းကျင်သူများ၊ပညာရှင်များနှင့် ကမ္ဘာတစ်ဝန်းရှိ နိုင်ငံနှင့် ဒေသပေါင်း ၇၂ ခုမှ အခြားဧည့်သည်များလည်း ယခုနှစ်ဖိုရမ်သို့တက်ရောက်မည်ဖြစ်ကြောင်းသတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်။

ယခုဖိုရမ်သည် အပြန်အလှန်လေးစားမှု၊ သဟဇာတဖြစ်မှု နှင့် မတူညီသောယဉ်ကျေးမှုများနှင့် ယုံကြည်မှုများအကြား ဖလှယ်မှုများမြှင့်တင်ရန် ရည်ရွယ်သည်ဟုသိရသည်။

ထို့ပြင် ဗုဒ္ဓဘာသာ၏ ဉာဏ်ပညာနှင့်ခွန်အားများ ကို ကမ္ဘာ့ငြိမ်းချမ်းရေး၊လူသားများဘဝမြှင့်တင်ရေးနှင့် အနာဂတ်လူမှုအသိုက်အဝန်း တည်ဆောက်ရေးတို့ကို အထောက်အကူပြုစေရန် ရည်ရွယ်ကြောင်းသိရသည်။

ဖိုရမ်ကို ၂၀၀၆ ခုနှစ်ကစတင်ခဲ့ပြီး သုံးနှစ်တစ်ကြိမ်ကျင်းပ‌လေ့ရှိကာ တရုတ်နိုင်ငံက စတင်လုပ်ဆောင်ခဲ့သည့် နိုင်ငံတကာ ဗုဒ္ဓဘာသာဆိုင်ရာဖလှယ်မှုနှင့်ဆွေးနွေးပွဲအတွက် အကြီးမားဆုံးနှင့်သြဇာအရှိဆုံး နိုင်ငံပေါင်းစုံပလက်ဖောင်းအဖြစ်လည်းပြောင်းလဲတိုးတက်လာခဲ့သည်။

Source : ရှင်းဟွာ


LEAVE A REPLY

Please enter your comment!
Please enter your name here