NCA (၉)နှစ်ပြည့်အဖြစ်ကျင်းပသည့် အလုပ်ရုံဆွေးနွေးပွဲ၌ “အနာဂတ် မြန်မာနိုင်ငံတော်ကိုပုံဖော်ခြင်း”ခေါင်းစဉ်ဖြင့်ဆွေးနွေးခဲ့ကြ

0
4

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသ ဘောတူစာချုပ်(NCA) (၉)နှစ်မြောက်နှစ်ပတ် လည်နေ့အထိမ်းအမှတ်အဖြစ် အလုပ်ရုံဆွေးနွေးပွဲအား ယနေ့ အောက်တိုဘာ ၁၅ ရက်မွန်းလွဲပိုင်းက နေပြည်တော်၌ကျင်းပရာ “အနာဂတ် မြန်မာ နိုင်ငံတော်ကိုပုံဖော်ခြင်း”ခေါင်းစဥ်ဖြင့်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး၊ အမျိုးသားစည်းလုံးညီညွတ် ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒု-ဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်က အမှာစကားပြောကြားပြီးနောက် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ အတွင်းရေးမှူး ဒု- ဗိုလ်ချုပ်ကြီးမင်းနိုင်မှ အလုပ်ရုံဆွေးနွေးပွဲ၏ ရည်ရွယ်ချက်နှင့်အစီအစဉ်များကို ရှင်းလင်းတင်ပြခဲ့သည်။

ထို့ပြင် “အနာဂတ် မြန်မာနိုင်ငံတော်ကိုပုံဖော်ခြင်း ”ခေါင်းစဉ်ဖြင့် လက်ရှိ နိုင်ငံရေးအခြေအနေနှင့် ရွေးကောက်ပွဲကျင်းပရေး၊ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်အခြေခိုင်မာရေး၊ လက်ရှိဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခများကို ဖြေရှင်းနိုင်မည့် နည်းလမ်းများနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အရှိန်အဟုန်ဖြင့် ဆက်လက်ဖော်ဆောင်နိုင်မည့် လမ်းကြောင်းများကို ဖော်ထုတ်နိုင်ရေး၊ နိုင်ငံတော်တည်ဆောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်နှင့်နည်းလမ်းများကို ဆွေး နွေးခဲ့ကြသည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်ဆောင်ရွက်ခဲ့ကြသူများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများအစုအဖွဲ့၏ အလုပ်အဖွဲ့မှကိုယ်စားလှယ်များနှင့် အခြားဖိတ်ကြားထားသူများက ဆွေးနွေးခဲ့ကြခြင်းဖြစ်ပြီး ဒု-ဗိုလ်ချုပ်ကြီးမင်းနိုင်မှ ဆွေးနွေးချက်များမှရရှိလာသည့် သဘောထားများအား စုစည်းကောက်နုတ်ရှင်းလင်းတင်ပြခဲ့သည်။

အလုပ်ရုံဆွေးနွေးပွဲတွင် လေ့လာဆန်းစစ်ပြုစုတင်ပြရေးအဖွဲ့(၄)ဖွဲ့မှပြုစုထားသော စာတမ်း(၄) စောင်ဖြစ်သည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် လက်ရှိနိုင်ငံရေးအခင်းအကျင်းနှင့်လိုက်လျောညီထွေဖြစ်မည့် ရွေးကောက်ပွဲစနစ်ကျင့်သုံးအကောင်အထည်ဖော်နိုင်ရေး၊ ပြည်ထောင်စုနှင့်တိုင်း(သို့)ပြည်နယ်ကြား အာဏာခွဲဝေကျင့်သုံးမှုနှင့် တိုင်း(သို့)ပြည်နယ်ဝန်ကြီးချုပ်များရွေးချယ်ခန့်ထားခြင်း၊ ပြည်ထောင်စုစနစ်ခိုင်မာစေရေးနှင့်တိုင်းရင်းသား ရေးရာဆိုင်ရာများနှင့်စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ရွေးကောက်ပွဲနှင့် နိုင်ငံရေးပါတီများ၏ အခန်းကဏ္ဍတို့ကိုဆွေးနွေးတင်ပြခဲ့ကြသည်။

NCA (၉)နှစ်ပြည့်အခမ်းအနားသို့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင်ပါဝင်ဆောင်ရွက်သူများ၊ NCA လက်မှတ်ရေးထိုးထားသည့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)၊ ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်- ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA -PC)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU) ၊ မွန်ပြည်သစ်ပါတီ(NMSP)နှင့် ရှမ်းပြည်ပြန် လည်ထူထောင်ရေးကောင်စီ(RCSS)တို့မှ ဥက္ကဋ္ဌ၊ ဒု-ဥက္ကဋ္ဌ၊ အတွင်းရေးမှူးများ၊ ဗဟိုအလုပ်အမှု ဆောင်ကော်မတီဝင်များနှင့် ဗဟိုကော်မတီဝင်များ၊ နိုင်ငံရေးပါတီများအစုအဖွဲ့၏ အလုပ်အဖွဲ့ ကိုယ်စားလှယ်များတက်ရောက်ခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here