G20 ထိပ်သီးအစည်းအဝေးကို တက်ရောက်ပါက ပူတင်အား ဖမ်းဆီး‌ပေးရန် ဘရာဇီးကို ယူကရိန်းက တိုက်တွန်း

0
48

ရုရှားသမ္မတ ဗလာဒီမာပူတင်သည် လာမည့်လတွင် ဘရာဇီးနိုင်ငံ၌ ကျင်းပမည့် G20 ထိပ်သီးအစည်းအဝေးသို့ တက်ရောက်နိုင်သည်ဟု ထောက်လှမ်းရေး ညွှန်ကြားချက် ရရှိထားကြောင်း ယူကရိန်း အစိုးရရှေ့နေချုပ်က ပြောကြားပြီး အကယ်၍ ပူတင်တက်ရောက်ခဲ့ပါလျှင် ဖမ်းဆီးပေးရန် ဘရာဇီး အာဏာပိုင်များကို သူက တောင်းဆိုခဲ့သည်။

ပူတင်သည် ကမ္ဘာ့ထိပ်တန်းစီးပွားရေးနိုင်ငံများ G20 အစည်းအဝေးကိုတက်ရောက်မည်ဟုဆုံးဖြတ်ခဲ့ခြင်း ရှိမရှိမေးမြန်းသောအခါ ရုရှားအစိုးရပြောရေးဆိုခွင့်ရှိသူ Dmitry Peskov က “ဆုံးဖြတ်ချက်တစ်ခုချပြီးပြီဆိုရင် ကျွန်တော်တို့က သတင်းစာ‌တွေကို အသိပေးမှာပါ” ဟုတနင်္လာနေ့တွင်ပြောကြားခဲ့သည်။

ယူကရိန်းအစိုးရရှေ့နေချုပ် Andriy Kostin က “နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ စည်းလုံးညီညွတ်ပြီး သမ္မတ ပူတင်ကို တာဝန်ခံဖို့ အရေးကြီးပါတယ်” လို့ အင်တာဗျူးတစ်ခုမှာ ပြောကြားခဲ့ပါတယ်။

ယူကရိန်း-ရုရှားက စစ်ပွဲဖြစ်ပွားပြီး တစ်နှစ်ခန့်အကြာတွင် ဟိဂ်ရှိ နိုင်ငံတကာရာဇ၀တ်တရားရုံး (ICC) သည် သမ္မတ ပူတင်အား ဖမ်းဝရမ်းထုတ်ခဲ့ခြင်းဖြစ်သည်။ ယင်းကို ရုရှားက ငြင်းဆိုထားပြီး ICC ဖမ်းဝရမ်းမှာ အကျုံးမဝင်‌ကြောင်း ဆိုခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here