မုံရွာမြို့တွင် သီတင်းကျွတ်လပြည့်နေ့ ဆီမီး(၅၀၀၀)ပူဇော်ပွဲ၊ စတုဒီသာပွဲနှင့် မီးပုံးပျံများလွှတ်တင်မည်

0
13

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့၌ ယနေ့ သီတင်းကျွတ်လပြည့်နေ့တွင် ဆီမီး(၅၀၀၀)ပူဇော်ပွဲ၊ စတုဒီသာပွဲနှင့် မီးပုံးပျံများလွှတ်တင်ပွဲများကို ကျင်းပမည်ဖြစ်ကြောင်းသိရသည်။

“ဗုဒ္ဓဘာသာမြန် မာလူမျိုးတွေဖြစ်တာနဲ့အညီ ဘာသာတရားကို ကိုးကွယ်ယုံကြည်မှု ရှိသူများဖြစ်ပါတယ်။အောက်တိုဘာလ (၁၇) ရက်မှာ ကျရောက်မယ့် သီတင်းကျွတ်လပြည့်နေ့မှာ စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ ဘုရားစေတီ ပုထိုးတွေမှာ ကုသိုလ်ကောင်းမှုတွေ ပြုလုပ်လို့ မီးထွန်းညှိပူဇော်တာတွေပြုလုပ်ကြမှာဖြစ်ပါတယ်”ဟု မုံရွာမြို့ခံတစ်ဦးကပြောသည်။

သီတင်းကျွတ် လပြည့်နေ့ ညနေ (၅)နာရီတွင် စတုဒီသာကျွေးမွေးလှုဒါန်းမည်ဖြစ်ပြီး ဆီမီး (၅၀၀၀) ထွန်းညှိပူဇော်ပွဲကို မုံရွာမြို့ ရွှေစည်းခုံဘုရားနှင့် ဆုတောင်းပြည့်ဘုရားကြီးအတွင်းစုပေါင်းပြုလုပ်သွားမည်ဖြစ်သည်။

ထို့ပြင် ည(၆)နာရီခန့်တွင် မုံရွာမြို့၊ ကန်သာယာ ဝန်းကျင်တွင် မီးပုံးပျံအကြီး၊ အသေးအစုံဖြင့် သီတင်းကျွတ်ညအလှဆင်ကြမည်ဖြစ်ကြောင်း မုံရွာခရိုင်ပြန်ကြားရေးတာဝန်ရှိသူထံကသိရသည်။

သီတင်းကျွတ်လပြည့်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ဘုရား၊ စေတီများအား မီးထွန်းညှိပူဇော်ပွဲများကျင်းပရန် အောက်တိုဘာလ (၁၀)ရက်က မုံရွာမြို့၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့က အစည်းအဝေးပြုလုပ်ခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here