အီလွန်မတ်စ်က ထရန့်ကိုထောက်ခံအဖွဲ့ကို ဒေါ်လာ ၇၅ သန်း ပေး

0
27

အီလွန်မတ်စ်သည် သုံးလတာကာလအတွင်း ၎င်း၏ ဒေါ်နယ်ထရန့်ကိုလိုလားသော အသုံးစရိတ်အဖွဲ့သို့ ဒေါ်လာ ၇၅ သန်းပေးအပ်ခဲ့သည်ဟု အင်္ဂါနေ့က ပြည်ထောင်စု၏ မြွက်ဟကြေငြာချက်များတွင် ခေါ်ပြခဲ့ပြီး ရီပတ်ဘလီကန် သမ္မတလောင်း၏ နိုဝင်ဘာ ၅ ရက် သမ္မတ ရွေးကောက်ပွဲ အောင်နိုင်ရေး ကြိုးပမ်းမှုများတွင် ဘီလျံနာ၏ အရေးပါလာမှုကို အလေးပေးဖော်ပြခဲ့သည်။

အကြိတ်အနယ် ယှဉ်ပြိုင်ရသည့် ပြည်နယ်များရှိ မဲဆန္ဒရှင်များကို ဆွဲဆောင်ရန် အာရုံစိုက်ထားသည့် America PAC သည် ဇူလိုင်လမှ စက်တင်ဘာလအတွင်း ဒေါ်လာ ၇၂ သန်းဝန်းကျင် အသုံးပြုခဲ့သည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ခဲ့သည့် စာရင်းဇယားများအရ သိရသည်။

ယင်းသည် မဲဆန္ဒရှင်များကို ဆွဲဆောင်စည်းရုံးရန် အာရုံစိုက်ထားသည့် ထရန့်လိုလားသော အခြား စူပါ PAC များထက် ပိုမိုများပြားသော သုံးစွဲမှုဖြစ်သည်။ ထရန့်၏ မဲဆွယ်အဖွဲ့သည် ပြင်ပအုပ်စုများအပေါ်တွင် ကြီးကြီးမားမား မှီခိုအားထားနေရသည်။ ဆိုလိုသည်မှာ ကမ္ဘာ့အချမ်းသာဆုံး သူဌေးကြီး မတ်စ်က တည်ထောင်ထားသော စူပါ PAC သည် ထရန့်နှင့် ဒီမိုကရက် သမ္မတလောင်း ဟဲရစ်တို့အကြား ကွာဟချက်ကျဉ်းမြောင်းသော ရွေးကောက်ပွဲတွင် ကြီးမားသော အခန်းကဏ္ဍမှ ပါဝင်နေသည်။

လျှပ်စစ်ကားထုတ်လုပ်ရေး Tesla ကုမ္ပဏီ စီအီးအို မတ်စ်သည် ထိုအချိန်က အဖွဲ့၏ တစ်ဦးတည်းသော အလှူရှင်ဖြစ်သည်။

ယခင်က ဒီမိုကရက်တစ် သမ္မတလောင်းများကို မဲပေးခဲ့ဖူးသည်ဆိုသော မတ်စ်က ယခုရွေးကောက်ပွဲတွင် မှန်ကန်သော အလှည့်အပြောင်းကို လုပ်ဆောင်ခဲ့သည်ဟု ဆိုခဲ့သည်။ သူသည် ဇူလိုင်လတွင် ထရန့်ကို ထောက်ခံချက်ပေးခဲ့ပြီး ယခုလအစောပိုင်းက ပင်ဆယ်ဗေးနီးယားတွင်ပြုလုပ်သည့် မဲဆွယ်ပွဲတွင် ထရန့်နှင့် အတူ ထွက်လာခဲ့သည်။

Ref: ယူအက်စ်နူးစ်


LEAVE A REPLY

Please enter your comment!
Please enter your name here