ပြည်သူ့ရင်ပြင်တွင် MSME ထုတ်ကုန် သီတင်းကျွတ်ဈေးရောင်းပွဲတော်နှင့် ဂီတပွဲတော်ဖွင့်ပွဲ ကျင်းပပြုလုပ်ခဲ့

0
15

ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်၌ ယနေ့(အောက်တိုဘာ ၁၆ ရက်)တွင် သီတင်းကျွတ်ဈေးရောင်းပွဲတော်နှင့် ဂီတပွဲတော်ဖွင့်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဈေးရောင်းပွဲတော်နှင့် ဂီတပွဲတော်ကို အောက်တိုဘာ ၁၆ ရက်မှ ၁၈ ရက်အထိ ကျင်းပသွားမည်ဖြစ်သည်။

ယင်းသီးတင်ကျွတ်ဈေးရောင်းပွဲတော်တွင် ဆိုင်ခန်းပေါင်း(၄၂၀) ခန့်ပါဝင်ပြသရောင်းချသွားမည်ဖြစ်ပြီး စက်မှုထုတ်ကုန်နှင့်ရေထွက်ကုန်ပစ္စည်းများကို ပြသရောင်းချသွားမည်ဖြစ်ကာ နံနက်(၈)နာရီမှ ည (၁၀) နာရီအထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဈေးရောင်းပွဲတော်သို့ လာရောက်သူများအား သွားလာရေးလွယ်ကူစေရန် အကြို/အပို့ကားများကိုလည်း စီစဉ်ထားသလို ပွဲတော်ရက်အတွင်း စတုဒီသာ ကျွေးမွေးမှုများ၊ ရုပ်ရှင်၊ သဘင်၊ ဂီတနယ်ပယ်တို့တွင် ကျော်ကြားသည့် အနုပညာရှင်များ၏ ဖျော်ဖြေမှုများကို ကြည့်ရှုခံစားနိုင်မည်ဖြစ်သလို သီတင်းကျွတ်လပြည့်နေ့တွင် မီးရှူး၊ မီးပန်းများ ပစ်ဖောက်မည်ဖြစ်သည့်အတွက် မည်သူမဆို ပျော်ရွှင်စွာ လာရောက်ဆင်နွှဲနိုင်ကြောင်း အသိပေးထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here