ပဲခူးတိုင်းအစိုးရအဖွဲ့ ဦးဆောင်၍ ပဲခူးမြို့၌ သီတင်းကျွတ်မီးထွန်းပွဲတော်နှင့် MSME ဈေးရောင်းပွဲတော် ကျင်းပ

0
16

ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဦးဆောင်၍ ယမန်နေ့အောက်တိုဘာ (၁၆)ရက် ညနေပိုင်းက ပဲခူးမြို့၊ ရွှေမော်ဓောဘုရားလမ်း၌ သီတင်းကျွတ်မီးထွန်းပွဲတော်နှင့် MSME ဈေးရောင်းပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ သီတင်းကျွတ်မီးထွန်းပွဲတော်နှင့် MSME ဈေးရောင်းပွဲတော် ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သောင်းထိုက်၊ စီးပွားရေးရာဝန်ကြီး ဦးတင်ဦးနှင့် မြို့မိ/မြို့ဖ (၂) ဦးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများမှ သီတင်းကျွတ်မီးထွန်းပွဲတော် ကျင်းပရာ ရွှေမော်ဓောဘုရားလမ်းတစ်လျှောက်ရှိ ဌာနဆိုင်ရာများ၊ မြို့မိ/ မြို့ဖများမှ ကျွေးမွေးလှူဒါန်းသည့် နိဗ္ဗာန်ဈေးတန်းများ၊ မီးအလှဆင်ရုပ်ပုံများကို လှည့်လည်ကြည့်ရှုခဲ့ကြသည်။

ထို့ပြင် ပဲခူးတိုင်းဒေသကြီးအတွင်းမှ ထုတ်လုပ်လျက်ရှိသည့် အသေးစား၊ အငယ်စားနှင့် အလတ်စား (MSMEs) လူသုံးကုန်၊ စားသုံးကုန်နှင့် စိုက်ပျိုးရေး/ မွေးမြူရေးထုတ်ကုန် တိုက်ရိုက်အရောင်းဆိုင်များအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

အဆိုပါ သီတင်းကျွတ်မီးထွန်းပွဲတော်အား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ပဲခူးမြို့တွင် ဒုတိယအကြိမ်မြောက် ကျင်းပပြုလုပ်ပေးခဲ့ခြင်းဖြစ်ပြီး နိဗ္ဗာန်ဈေးများ၊ ဈေးရောင်းပွဲတော် အရောင်းဆိုင်ခန်းများ၊ သီတင်ကျွတ်အထိမ်းအမှတ် ဈေးဆိုင်ခန်းများ၊ ဖျော်ဖြေရေးအစီအစဉ်များ၊ ကလေးကစားကွင်းများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here