ထားဝယ်ရိုးရာသပိတ်မျှောပွဲတွင် မီးပုံးပျံအလုံး (၅၀၀)ကိုလွှတ်တင်ပူဇော်ခဲ့

0
13

တနင်္သာရီတိုင်း၊ ထားဝယ်မြို့၌ ထားဝယ်ရိုးရာသပိတ်မျှောပွဲအား ယနေ့ အောက်တိုဘာ ၁၇ ရက်(သီတင်းကျွတ်လပြည့်နေ့)နံနက် ၄ နာရီမှစတင်၍ကျင်းပရာ မီးပုံးပျံအလုံး(၅၀၀)ကိုလည်း လွှတ်တင်ပူဇော်ခဲ့ကြောင်း သိရသည်။

ထားဝယ်ရိုးရာသပိတ်မျှောပွဲအား ထားဝယ်မြို့၊ တလိုင်းမရပ်၊ ဆိပ်ကမ်းသာလမ်း၊ ပြည်သူ့အပန်းဖြေရင်ပြင်၊ ထားဝယ်မြစ်ကမ်း၌ကျင်းပရာ တနင်္သာရီတိုင်းဝန်ကြီးချုပ်ဦးမြတ်ကိုတက်ရောက်ခဲ့ကြောင်း သိရသည်။

တိုင်းဝန်ကြီးချုပ်ဦးမြတ်ကိုမှ အရှင်ဥပဂုတ္ထမ ထေရ်မြတ်အားရည်စူး၍ ဆီမီးထွန်းညှိပူဇော်ပြီးချိန်တွင် တက်ရောက်လာကြသည့် တာဝန်ရှိသူများနှင့်ဒေသခံများက မီးပုံးပျံအလုံး(၅၀၀)အား တစ်ညီတစ်ညွတ်တည်း လွှတ်တင်ပူဇော်ခဲ့ကြကြောင်း သိရသည်။

ထို့နောက် တိုင်းဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက အရှင်ဥပဂုတ္ထမထေရ်မြတ်အား သပိတ်မျှော၍ ဆွမ်းဆက်ကပ်ကုသိုလ်ပြုခဲ့ကြပြီး ဒေသခံများမှလည်း ထားဝယ်ရိုးရာ သပိတ်မျှောမုခ်ဦးမှစ၍ အကွေ့များပါသော ဝင်္ကပါကိုဖြတ်ကျော်ကာ သပိတ်မျှောပူဇော်ခဲ့ကြကြောင်း သိရသည်။

ထားဝယ်ရိုးရာသပိတ်မျှောပွဲအား နှစ်စဉ်သီတင်းကျွတ်လပြည့်နေ့တွင် အရှင်ဥပဂုတ္တမထေရ်မြတ်အားရည်စူး၍ ထားဝယ်ရိုးရာမြေသပိတ်ထဲတွင် ဆွမ်း၊ မုန့်၊ သစ်သီး၊ ပေါက်ပေါက်၊ မုန့်ဆီကြော်၊ ယိုအမျိုးမျိုးတို့ကိုထည့်၍ တံခွန်၊ ကုက္ကားများစိုက်ထူကာ ဆီးမီးများထွန်းညှိပြီး သပိတ်မျှောပူဇော်ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ သပိတ်မျှောပူဇော်စဉ် ရာသီဥတုမိုးလေဝ သကောင်းမွန်စေရန်၊ ဆန်ရေစပါးစီးပွားဥစ္စာပေါ များတိုးတက်စေရန်၊ မိုးဒဏ်၊ လေဒဏ်၊ သဘာဝဘေးရန်များနှင့် မကောင်းသောဘေးဘယာကံကြမ္မာအပေါင်းကင်းဝေးလွတ်မြောက်စေရန် ဆုတောင်းပတ္တနာပြုကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here