ရွှေသာလျောင်းတောင်ထိပ်ရှိ ဆုတောင်းပြည့်ဘုရားအား ရွှေဆင်၊ငွေဆင်များလှူဒါန်း

0
17

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့ရှိ ရွှေသာလျောင်တောင်ထိပ်ရှိ ဆုတောင်းပြည့်ဘုရားအား ယနေ့ အောက်တိုဘာ ၁၇ ရက်(သီတင်းကျွတ်လပြည့်နေ့)နံနက် ၅ နာရီက ရွှေဆင်၊ငွေဆင်လှူဒါန်းပွဲကို ဘုရားရင်ပြင်တော်ပေါ်ရှိ ဓမ္မာရုံ၌ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ ရွှေဆင်၊ငွေဆင်လှူဒါန်းပွဲအား နှစ်စဉ်မပျက် ရိုးရာဆင်လှူပွဲအဖြစ်ကျင်းပခြင်းဖြစ်ကာ ယနေ့နံနက်ပိုင်းတွင်လည်း တာဝန်ရှိသူများကလှူဒါန်းမည့် ရွှေဆင်၊ ငွေဆင်များကို အမွှေးနံ့သာများပက်ဖျန်း၍ ရွှေသာလျောင်းဆုတောင်းပြည့်ဘုရာကြီးအား လက်ယာရစ်(၃)ပတ်ပတ်ကာ လှူဒါန်းခဲ့ကြကြောင်း သိရသည်။

ယမန်နေ့ အောက်တိုဘာ ၁၆ ရက်ည၆ နာရီကလည်း ကျောက်ဆည်မြို့ မြန်မာ့ရိုးရာဆင်အကအလှပြိုင်ပွဲတွင် ဆုရရှိခဲ့သောပြိုင်ပွဲဝင်ဆင်များအား ဆုချီးမြှင့်ပွဲကို ရွှေသာလျောင်းတောင် ဆင်အကအလှပြိုင်ပွဲဗဟိုမဏ္ဍပ်တွင် ကျင်းပခဲ့သည်။

မြို့မဆင်ဖြူတော်နှင့် မာဃဆင်ဖြူတော်တို့အား ဂုဏ်ပြုဆုများ၊ နွဲ့ဆိုး၊ ဇော်ဂျီမောင်၊ ပိတောက်မြိုင်၊ ရဲမာန်ဆင်များအား ရိုးရာဂုဏ်ထူးဆောင် (အသက်ကြီးဆင်)ဂုဏ်ပြုဆုများ၊ ကလေးဆင် (ရိုးရာ)ပြိုင်ပွဲတွင် ပထမဆုရရှိခဲ့သော စိမ်းလန်းစိုပြည်ဘိုကေ၊ ဒုတိယဆုရရှိသော ခေတ်သစ်မာန်ဆင်များ၊ ဘော်ကြယ်ဆင်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသောဆင်များအား တာ ဝန်ရှိသူများနှင့် မြို့မိ/မြို့ဖများက ဆုများအသီး သီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ထို့ပြင် လူကြီးဆင်(ရိုးရာ)ပြိုင်ပွဲနှင့် တီထွင်စမ်းသစ်မှု(သဘာဝ)ဆင်ပြိုင်ပွဲများတွင် ပထမ၊ ဒု တိယ၊ တတိယဆုရရှိသောဆင်အဖွဲ့များကိုလည်း တာဝန်ရှိသူများက ဆုများအသီးသီးပေး အပ်ခဲ့ကြကြောင်း သိရသည်။

ကျောက်ဆည်ဆင်အကအလှပြိုင်ပွဲတွင် ဂုဏ်ပြုအသက်ကြီးဆင်(၆)စီး၊ ဘော်ကြယ်ဆင်(၃)စီး၊ ရိုးရာလူကြီးဆင်(၃)စီး၊ ရိုးရာကလေးဆင်(၂)စီး၊ တီထွင်ဆန်းသစ်မှုဆင်(၂)စီး၊ မြို့မဈေးပတ်ဆင် (၅၀)ကျော်တို့ရှိခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here