ရာသီဥတုဖြစ်စဥ်(၄)ခုကြောင့် ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်(၇)ခု၌ အောက်တိုဘာ ၁၉ ရက်မှစတင်၍ ၆ ရက်ခန့်မိုးသည်းထန်စွာရွာသွန်းနိုင်

0
28

ရာသီဥတုဖြစ်စဥ်(၄)ခုကြောင့် ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်(၇)ခု၌ အောက်တိုဘာ ၁၉ ရက်မှစတင်၍ ၆ ရက်ခန့်မိုးသည်းထန်စွာရွာသွန်းနိုင်သည်ဟု မိုးဇလမှ ယနေ့ အောက်တိုဘာ ၁၇ ရက်ည ၇ နာရီက အထူးမိုးလေဝသသတင်းအဖြစ် အသိပေးခဲ့သည်။

မိုးသည်းထန်စွာရွာသွန်းနိုင်ခြင်းသည် ထိုင်းပင် လယ်ကွေ့မှရွေ့လျားလာနိုင်သော လေပွေလှိုင်းများ၏အရှိန်၊ ကပ္ပလီပင်လယ်ပြင်တွင်ဖြစ်ပေါ် လာနိုင်သော လေဖိအားနည်းဆဲလ်နှင့် ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်လာနိုင်သော လေဖိ အားနည်းရပ်ဝန်း၏အရှိန်၊ အပူပျံတက်တိမ်များဖြစ်ထွန်းမှုအားကောင်းခြင်းတို့ကြောင့်ဖြစ်သည်ဟု မိုးဇလကအသိပေးခဲ့သည်။

ထို့ကြောင့် ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီ တိုင်း၊ တနင်္သာရီတိုင်း၊ ရခိုင်ပြည်နယ်၊ ကရင် ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် အောက်တိုဘာ ၁၉ ရက်မှ ၂၄ ရက်အတွင်း နေရာစိပ်စိပ်မှ နေရာအနှံ့အပြားမိုးသည်းထန်စွာရွာသွန်းနိုင်ကြောင်း မိုးဇလကအသိပေးခဲ့သည်။

ထို့ပြင် အချို့ဒေသများ၌ ဒေသအလိုက်မိုးကြီးခြင်း၊ နေရာကွက်၍ မိုးကြီးခြင်းများနှင့်အတူ လေပြင်းတိုက်ခတ်ခြင်းများလည်းဖြစ်ပေါ်နိုင်သည်ဟု မိုးဇလကအသိပေးခဲ့သည်။

ထို့ကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်းများဖြစ်ပေါ်နိုင်၍ ယင်းဒေသများရှိ ကုန်းမြင့်ဒေသအနီးတွင် နေထိုင်သူများအနေဖြင့် မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်များအနီးနေထိုင်သူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုရှောင်ရှားနိုင်ရန် မိုးဇလကသတိိပေးခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here