ပယ်လယ်ထဲ ၆၇ ရက်ကြာမျောနေသည့် ရုရှားတစ်ဦးကို ကယ်တင်နိုင်ခဲ့

0
29

မော်စကို၊အောက်တိုဘာ ၁၇

ပင်လယ်ထဲ၌ ၆၇ ရက်ကြာမျောပါနေသည့် ရုရှားနိုင်ငံသားတစ်ဦီးကို ကယ်တင်နိုင်ခဲ့သည်။ ၎င်းက ၆၇ ရက်လုံးလုံးချမ်းအေးလှသည့်ပင်လယ်အတွင်းအသက်ရှင်ရန် ခက်ခက်ခဲခဲနေခဲ့ရကြောင်းနှင့် မိုးရေကိုသောက်သုံးကာ အသက်ဆက်ခဲ့ခြင်းဖြစ်ကြောင်းပြန်လည်ပြောကြားခဲ့သည်။

အသက် ၄၆ နှစ်အရွယ်ရှိ အဆိုပါအမျိုးသားသည် အသက် ၄၉ နှစ်အရွယ်ရှိ အစ်ကိုဖြစ်သူနှင့် အသက် ၁၅ နှစ်အရွယ်ရှိတူဖြစ်သူတို့နှင့်အတူ ဝေလငါးကြည့်ရန်ပင်လယ်ခရီးထွက်လာခဲ့ပြီးပြန်လာသည့်အချိန် ဩဂုတ်လ ၉ ရက်နေ့တွင် လှေအင်ဂျင်ပျက်သွားခဲ့သည်ဟုပြောကြားခဲ့သည်။

၎င်းတို့သုံးဦးကို ကယ်ဆယ်ရေးအစီအစဥ်များကို စဖြစ်စဉ်ကတည်းက လုပ်ဆောင်ခဲ့သော်လည်း ရှာမတွေ့သဖြင့်မအောင်မြင်ခဲ့ကြောင်းလည်းသိရသည်။

ပင်လယ်ထဲတွင်ရက်ရှည်လာသည်နှင့်အမျှ ၎င်း၏အစ်ကိုနှင့်တူမှာ‌ေ-သဆုံးသွားခဲ့ပြီး ရုပ်အလော-င်းများကို ရေစီးနှင့်မပါသွားစေရန် လှေနှင့်တွဲချည်ထားခဲ့ကြောင်းသိရသည်။

ယင်းနောက် ၎င်းအား ငါးဖမ်းစက်လှေတစ်စီးကတွေ့ရှိကာ ကယ်ဆယ်နိုင်ခဲ့ခြင်းလည်းဖြစ်ကြောင်းသိရသည်။၎င်းတို့လှေသည် အင်ဂျင်ပျက်သွားရုံသာမက လှော်တက်ပါကျိုးသွားသည့်အတွက် ထိန်းရခက်ကာ မျောပါသွားခြင်းလည်းဖြစ်သည်ဟုဆိုသည်။

ဖုန်းပါသွားသော်လည်း လိုင်းမမိသဖြင့်ဆက်သွယ်မရခဲ့သလို တည်နေရာကိုခြေရာခံခဲ့သော်လည်း ဖုန်းဘက္ထရီကုန်ကာ ပါဝါဘန့်ခ်ကလည်း အားကုန်သွားခဲ့ကြောင်း၎င်းကဆက်လက်ပြောကြားခဲ့သည်။

ကြားရက်များတွင် ရဟတ်ယာဉ်များတွေ့ခဲ့ရသော်လည်း အကူအညီတောင်းလို့မရခဲ့ဘဲ စက်တင်ဘာလတွင် တူဖြစ်သူမှာ အအေးဒဏ်နှင့်ဆာလောင်မှုဒဏ်များကြောင့်‌ေ-သဆုံးသွားခဲ့ကာ အကိုလုပ်သူမှာလည်း စိတ်ဖေ-ာက်ကာပင်လယ်ထဲ‌ေ-သဆုံးသွားရသည်ဟု၎င်းကဆိုခဲ့သည်။

အဆိုပါအမျိုးသားသည် လက်ရှိအချိန်၌ ရေဓါတ်ခမ်းခြောက်ခြင်းနှင့် ကိုယ်အပူရှိန်ကျဆင်းခြင်းများဖြစ်ပေါ်လျက်ရှိသော်လည်း ကျန်းမာရေးအခြေအနေမှာတည်ငြိမ်နေပြီဖြစ်ကြောင်း တာဝန်ရှိသူများကပြောကြားခဲ့သည်။

Source : အေပီ


LEAVE A REPLY

Please enter your comment!
Please enter your name here