ရုရှားကိုရန်မလိုမှသာ အမေရိကနှင့်လက်နက်ထိန်းချုပ်ရေးဆွေးနွေးမည်

0
20
This pool photograph distributed by Russian state owned agency Sputnik shows Russia's Deputy Foreign Minister Sergei Ryabkov attending a meeting on the country's military action in Ukraine and the Israel-Gaza conflict, chaired by Russian President, at the Novo-Ogaryovo state residence outside Moscow on October 16, 2023. (Photo by Gavriil GRIGOROV / POOL / AFP)

မော်စကို၊အောက်တိုဘာ ၁၇–

ရုရှားဆန့်ကျင်ရေးမူဝါဒကို အမေရိကဘက်မှ စွန့်လွှတ်မှသာလျှင် မဟာဗျူဟာ‌ေမြာက်‌ေသာတည်ငြိမ်ရေး ဆွေးနွေးပွဲကို ပြန်လည်စတင်နိုင်မည်ဖြစ်ကြောင်းရုရှားနိုင်ငံဒုတိယနိုင်ငံခြားရေးဝန်ကြီးကပြောကြားခဲ့သည်။

၂၀၂၆ ၌ သက်တမ်းကုန်ဆုံးမည့် New START စာချုပ်သက်တမ်းအပြီး ဆက်ဖြစ်လာမည့်အခြေအနေနှင့်ပတ်သက်၍ အမေရိက၏ မူဝါဒနှင့်လုပ်‌ေဆာင်ချက်များတွင်အမှန်တကယ် တိုးတက်ပြောင်းလဲ လာမှသာ မဟာဗျူဟာ‌ေမြာက်‌ေသာ တည်ငြိမ်ရေးနှင့် ပြဿနာများကို ဆွေးနွေးရန် ဖြစ်နိုင်မည်ဟုလည်း၎င်းကဆိုသည်။

နှစ်နိုင်ငံအကြား နျူကလီးယားလက်နက်ထိန်းချုပ်ရေးစာချုပ် New START ကို အများဆုံးငါးနှစ်အထိ သက်တမ်းတိုးနိုင်ပြီး ရုရှားနှင့်အမေရိကတို့သည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် စာချုပ်ကို ငါးနှစ်သက်တမ်းတိုးခဲ့ကြသည်။

အမေရိက၏ နိုင်ငံခြားရေးမူဝါဒကို လွှမ်းမိုးထားသည့် ရုရှားဆန့်ကျင်ရေး အစွဲကို အပြည့်အဝ ချွတ်နိုင်မှသာလျှင် မော်စကိုအနေဖြင့် အမေရိကနှင့် လက်နက်ထိန်းချုပ်ရေးဆွေးနွေးပွဲများ ပြန်လည်စတင်ရန် အသင့် ဖြစ်မည်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။

Source : ရှင်းဟွာ


LEAVE A REPLY

Please enter your comment!
Please enter your name here