လားရှိုးမြို့အနီး တောင်တန်းဒေသအောက်တွင် မဂ္ဂနီကျု (၃.၃) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်ငယ်တစ်ခု လှုပ်ရှား

0
23

ယနေ့ အောက်တိုဘာ (၁၈) ရက် ည (၆)နာရီ (၄၄)မိနစ်အချိန်ခန့်က ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့ အနီး တောင်တန်းဒေသအောက်တွင် မဂ္ဂနီကျု (၃.၃) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်ငယ်တစ်ခု လှုပ်ရှားသွားကြောင်း မြေငလျင်သတင်းများစင်တာ ထုတ်ပြန်ချက်အရ သိရသည်။

မြန်ုမာနိုင်ငံပြည်တွင်း ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့မှ အရှေ့မြောက်ဘက် (၈၇) မိုင်ခန့်၊ မုန်းမော်မြို့မှ အရှေ့‌မြောက်ဘက် (၁၁) မိုင်ခန့် အကွာ တောင်တန်းဒေသအောက်အနက် (၆) မိုင်မှ မဂ္ဂနီကျု (၃.၃) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်ငယ်တစ်ခု လှုပ်ရှားသွားကြောင်း မြေငလျင်သတင်းများစင်တာမှ တိုင်းထွာရရှိချက်အရ သိရသည်။

အလားတူ အောက်တိုဘာ (၁၇)ရက်၊ နံနက် (၇)နာရီ (၄၈)မိနစ်အချိန်ကလည်း မြန်ုမာနိုင်ငံပြည်တွင်း စစ်ကိုင်းတိုင်းဒေသကြီး မြောက်ပိုင်း ဟုမ္မလင်းမြို့မှ အရှေ့တောင်ဘက် (၈) မိုင်ခန့်၊ မော်လိုက် အရှေ့မြောက်ဘက် (၇၉) မိုင်ဝန်းကျင်ခန့် အကွာ တောင်တန်းဒေသအောက်အနက် (၇၅) မိုင်မှ မဂ္ဂနီကျု (၃.၂) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခုလှုပ်ရှားခဲ့ကြောင်းလည်း သိရသည်။

မြန်မာနိုင်ငံ ပြည်တွင်းတွင် ပြီးခဲ့သည့် ရက်ပိုင်းများကလည်း ငလျင်ငယ်လှုပ်ရှားမှုများ ဆက်တိုက်ဖြစ်ပေါ်ခဲ့သေးကြောင်း မြေငလျင်သတင်းများစင်တာမှ ထုတ်ပြန်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here