ရုရှား၌ကျင်းပမည့် BRICS ထိပ်သီးစည်းဝေး သမ္မတရှီတက်ရောက်မည်

0
19
China’s President Xi Jinping speaks during an awards ceremony ahead of China’s National Day at the Great Hall of the People in Beijing on September 29, 2024. (Photo by ADEK BERRY / AFP)

ပေကျင်း၊အောက်တိုဘာ ၁၈

ရုရှားသမ္မတ ဗလာဒီမာပူတင်၏ဖိတ်ကြားချက်အရ တရုတ်သမ္မတရှီကျင့်ဖျင်သည် အောက်တိုဘာ ၂၂ ရက်မှ ၂၄ ရက်အထိ ရုရှားနိုင်ငံတွင်ကျင်းပမည့် ၁၆ ကြိမ်မြောက် BRICS ထိပ်သီးအစည်းအဝေးသို့ တက်ရောက်မည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဟွာကပြောကြားခဲ့သည်။

BRICS အဖွဲ့ဝင်များတိုးလာပြီးနောက် ပထမဆုံးကျင်းပမည့် ယခုထိပ်သီးအစည်းအဝေးသည် နိုင်ငံတကာအသိုင်းအဝိုင်း၏ အာရုံစိုက်မှုကိုခံရကြောင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူနောက်တစ်ဦးဖြစ်သည့် မောနင်ကပြောကြားခဲ့သည်။

သမ္မတရှီသည် အသေးစားစက်မှုလုပ်ငန်းနိုင်ငံများနှင့်အကြီးစားစက်မှုလုပ်ငန်းနိုင်ငံများမှ ခေါင်းဆောင်များ၏အစည်းအဝေးများနှင့် BRICS Plus ခေါင်းဆောင်များ၏ ဆွေးနွေးပွဲကိုပါ တက်ရောက်မည်ဖြစ်ကာ အရေးကြီးသော မိန့်ခွန်းများကိုလည်းပြောကြားမည်ဖြစ်သည်ဟုသိရသည်။

ယင်းနောက် လက်ရှိနိုင်ငံတကာအခြေအနေများ၊လက်တွေ့ကျသော BRICS ပူးပေါင်းဆောင်ရွက်မှု၊BRICS ယန္တရားဖွံ့ဖြိုးတိုးတက်ရေးနှင့် အများကစိုးရိမ်နေသော အရေးကြီးသည့် ကိစ္စရပ်များအတွက်လည်း အခြားနိုင်ငံခေါင်းဆောင်များနှင့် အမြင်ချင်းဖလှယ်သွားမည်ဖြစ်သည်ဟုဆိုသည်။

BRICS ကို စတင်တည်ထောင်ချိန်မှစ၍ အဖွဲ့ဝင်နိုင်ငံများသည် နိုင်ငံစုံဝါဒကိုလက်ကိုင်ပြုကာ နိုင်ငံတကာရေးရာများတွင် အပြုသဘောဆောင်သော၊ တည်ငြိမ် သော၊ ကောင်းကျိုးဆောင် သော အင်အားစု တစ်ခု ဖြစ်လာခဲ့ပြီဟုလည်း မော်ကပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် BRICS ပူးပေါင်းဆောင်ရွက်မှုအား တည်ငြိမ်ပြီး ရေရှည်တည်တံ့ခိုင်မြဲစေရန်၊ ကမ္ဘာ့ တောင်ခြမ်းသည် စည်းလုံးညီညွတ်ပြီး မိမိဘာသာမိမိတိုးတက်မည့် ခေတ်သစ်ကိုဖွင့်ကာ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးတို့ကို လက်တွဲမြှင့်တင်ဖို့ အားလုံးနှင့် လက်တွဲဆောင်ရွက်ရန်အဆင်သင့်ရှိကြောင်းလည်း မော်ကဆက်လက်ပြောကြားခဲ့သည်။

Source : ရှင်းဟွာ


LEAVE A REPLY

Please enter your comment!
Please enter your name here