ဆို၊ က၊ ရေး၊ တီး ယှဥ်ပြိုင်နေမှုများကို နစက ဥက္ကဋ္ဌနှင့်ဇနီးတို့ကြည့်ရှုအားပေး

0
24

နေပြည်တော်၌ (၂၅) ကြိမ်မြောက် ငွေရတုအ ထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အ က၊ အရေး၊ အတီးပြိုင်ပွဲ(ဗဟိုအဆင့်)အဖြစ် တိုင်းနှင့်ပြည်နယ်အသီးသီးမှ ပြိုင်ပွဲဝင်များက ဝင်ရောက်ယှဥ်ပြိုင်လျက်ရှိသည်။

ထိုသို့ ယှဥ်ပြိုင်နေမှုများအား နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီးတို့မှ အောက်တိုဘာ ၁၈ ရက်နံနက်ပိုင်းက ကြည့်ရှုအားပေးခဲ့သည်။

နစက ဥက္ကဋ္ဌနှင့်ဇနီးတို့သည် မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန(၂)၌ ဝါသနာရှင်အဆင့်(ပထမတန်း)အမျိုးသမီးပြိုင်ပွဲဝင်များမှ ခေါင်း၊ ခါး၊ ခြေ၊ လက် အချိုးအဆစ်ညီညာစွာအသုံးပြု၍ တိုင်းနှင့်ပြည်နယ်အလိုက် ဆိုင်းဝိုင်းအဖွဲ့များ၏ ပံ့ပိုးတီးခတ်မှုဖြင အနုသုခုမရသစုံလင်သော ဆို၊ ငို၊ ပြော အကအလှများဖြင့် က ကြိုးကကွက်စုံလင်စွာ ယှဉ်ပြိုင်ကပြဖျော်ဖြေနေမှုကို ကြည့်ရှုအားပေးခဲ့သည်။

ထို့ပြင် အခြေခံပညာအဆင့် အသက်(၁၀)နှစ်မှ (၁၅)နှစ်အတွင်း(အမျိုးသမီး) (ဂီတာ)အတီးပြိုင်ပွဲတွင် ပြိုင်ပွဲဝင်များက “ဝေဘာဂီရိ”(ကြိုး) သီ ချင်းအား သီချင်း၏ရသပေါ်လွင်စေပြီး နားဆင်သူများနားဝင်ပီယံရှိစေရန် လက်စွမ်းပြတီးခတ်ယှဉ်ပြိုင်နေမှုကိုလည်း ကြည့်ရှုအားပေးခဲ့သည်။

ယှဥ်ပြိုင်မှုများကို ကြည့်ရှုအားပေးပြီးနောက် နစက ဥက္ကဋ္ဌနှင့်ဇနီးတို့မှ ပြိုင်ပွဲအဆင့်အလိုက် အကဲဖြတ်ဆောင်ရွက်ပေးနေသည့် အကဲဖြတ်ပ ညာရှင်များနှင့် ပြိုင်ပွဲဝင်များအား နှုတ်ဆက်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here