ကျူးဘားတွင် မီးပြတ်သဖြင့် လူ ၁၀ သန်းခန့် မှောင်ထဲတွင်နေကြရဆဲဖြစ်

0
22

ကျူးဘားကျွန်း၏ အဓိက ဓာတ်အားပေးစက်ရုံများ ချွတ်ယွင်းမှုကြောင့် သောကြာနေ့တွင် တစ်ကျွန်းလုံး လျှပ်စစ်ဓာတ်အား ပြတ်တောက်သွားခဲ့ကြောင်း သိရသည်။

ကျူးဘားနိုင်ငံ အန်တိုနီယို ဂစ်တာရက်စ် အပူစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံသည် သောကြာနေ့ ဒေသစံတော်ချိန် နံနက် ၁၁ နာရီခန့်တွင် လည်ပတ်မှုရပ်ဆိုင်းသွားပြီးနောက် နာရီပိုင်းအကြာတွင် တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အား ပြတ်တောက်သွားကြောင်း ကျူဘားစွမ်းအင်ဝန်ကြီးဌာနက ကြေညာခဲ့သည်။ နိုင်ငံပိုင် လျှပ်စစ်ဓာတ်အားပေးကုမ္ပဏီ UNE သည် အချို့နေရာများသို့ ဓာတ်အားပေးဆောင်နိုင်‌ရန်အတွက် ဓာတ်ငွေ့သုံး သာမိုလျှပ်စစ် စက်ရုံတစ်ခုကို စတင်လည်ပတ်နေပြီဟု ဆိုသည်။

သို့သော် အမှောင်ကျလာသည်နှင့်အမျှ လူဦးရေ ၁၀ သန်းခန့်သော ကျူးဘားနိုင်ငံသားများသည် အမှောင်ထဲတွင် နေနေကြရဆဲဖြစ်သည်။

အန်တိုနီယို ဂစ်တာရက်စ်စက်ရုံအပြင်၊ ကျူးဘားတွင် အခြားအမြောက်အမြားရှိကာ ၎င်းတို့သည် လည်ပတ်နိုင်သည် ရှိမရှိ ချက်ချင်းမသိရသေးပါ။


LEAVE A REPLY

Please enter your comment!
Please enter your name here