ပုသိမ်လေဆိပ်တွင် ပုသိမ်မြို့ရှိ အထင်ကရနေရာများသို့ လည်ပတ်နိုင်ရန် ဝန်ဆောင်မှုများဆောင်ရွက်ပေးထား

0
29

ပုသိမ်လေဆိပ်တွင် လေကြောင်းလိုင်းဖြင့် လိုက်ပါလာသည့်ခရီးသည်များအတွက် ပုသိမ်မြို့ရှိ အထင်ကရနေရာများသို့ လည်ပတ်နိုင်ရန် ဝန်ဆောင်မှုများဆောင်ရွက်ပေးထားကြောင်း သိရသည်။

ထို့ပြင် အောက်တိုဘာ ၁၃ ရက်နေ့တွင်စတင်ပြေးဆွဲခဲ့သည့် MAIအပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်းလိုင်း၊ ရန်ကုန်-ပုသိမ်-မန္တလေး-ဟုမ္မလင်း-မန္တလေး- ရန်ကုန်လေယာဉ်ခရီးစဉ်မှ ခရီးသည်များအား တိုင်းဒေသကြီး ဝန်ကြီးချုပ်မှ ကြိုဆိုခဲ့ပြီး ပုသိမ်ဒေသထွက် အမှတ်တရလက်ဆောင် ပစ္စည်းများပေးအပ်ခဲ့ကြောင်း သိရသည်။

ပုသိမ်လေဆိပ်တွင် ရန်ကုန်-ပုသိမ်-မန္တလေး-ဟုမ္မလင်း-မန္တလေး-ရန်ကုန်လေယာဉ်ခရီးစဉ်မှ ခရီးသည်များအတွက် ပုသိမ်မြို့တွင်းရှိ ထင်ရှားသောအထင်ကရနေရာများ၊ ‌ဘုရား၊ စေတီများနှင့် ငွေဆောင်၊ ချောင်းသာစသည့် ကမ်းခြေဒေသများနှင့် တိုင်းဒေသကြီးအတွင်းရှိမြို့နယ်များသို့ သွားလာလည်ပတ်နိုင်ရန်အတွက်(မိုက်ခရို/မီနီဘတ်) စင်းလုံးငှားပို့ဆောင်ရေး ဝန်ဆောင်မှုများကိုလည်း ဆောင်ရွက်ပေးထားကြောင်း သိရသည်။

အဆိုပါခရီးစဉ်ဒေသများသို့ ATR အမျိုးအစားလေယာဉ်ဖြင့် MNA နှင့် မြန်မာလေကြောင်း(MAI)/ မင်္ဂလာလေကြောင်းလိုင်းတို့မှ ပျံသန်းပြေးဆွဲခြင်းဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here