အင်ဒိုသမ္မတကျမ်းသစ္စာကျိန်ဆိုပွဲသို့ တရုတ်ဒုသမ္မတတက်ရောက်မည်

0
18
In this pool photograph distributed by the Russian state agency Sputnik, China's Vice President Han Zheng attends a plenary session of the Eastern Economic Forum in Vladivostok on September 5, 2024. (Photo by Vyacheslav PROKOFYEV / POOL / AFP)

ပေကျင်း၊အောက်တိုဘာ ၁၈

တရုတ်သမ္မတရှီကျင့်ဖျင်၏ အထူးကိုယ်စားလှယ်အနေဖြင့် တရုတ်ဒုတိယသမ္မတ ဟန်ချင်သည် အောက်တိုဘာ ၂၀ ရက်၌ ဂျကာတာတွင်ပြုလုပ်မည့်အင်ဒိုနီးရှားသမ္မတ ပရာဘိုဝိုဆူဘီရန်တို၏ ကျမ်းသစ္စာကျိန်ဆိုပွဲသို့တက်ရောက်မည်ဖြစ်ကြောင်းသိရသည်။

အင်ဒိုနီးရှားအစိုးရ၏ဖိတ်ကြားချက်အရဒုတိယသမ္မတသည် အောက်တို ၁၉ ရက်မှ ၂၁ ရက်အထိ အင်ဒိုနီးရှားနိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်ကပြောကြားခဲ့သည်။

၎င်းအပြင် ဘရူနိုင်းအစိုးရ၏ဖိတ်ကြားမှုကြောင့်လည်း အောက်တိုဘာ ၂၁ မှ ၂၃ အထိ ဘရူနိုင်းသို့ ဆက်လက်သွား‌ရောက်မည်ဖြစ်ကြောင်း မော်ကပြောကြားခဲ့သည်။

တရုတ်နှင့်အင်ဒိုနီးရှားတို့တွင် နက်ရှိုင်းသည့် အစဉ်အလာချစ်ကြည်ရင်းနှီးရှိကြောင်း နှင့်နီးကပ်ပြီး ထဲထဲဝင်ဝင် ပူးပေါင်းဆောင်ရွက်မှုရှိကြောင်းတို့ကို မော်နင်က ပြောကြားခဲ့သည်။

ထို့ပြင် နှစ်နိုင်ငံခေါင်းဆောင်များ၏ မဟာဗျူဟာမြောက် သောလမ်းညွှန်မှုဖြင့် နှစ်နိုင်ငံဆက်ဆံရေးသည် ခိုင်မာကာ အရှိန်အဟုန် ဖြင့်တိုးတက်နေကြောင်း နှင့် ဘုံအနာဂတ် အတွက် အသိုက်အဝန်းတစ်ခုတည်ဆောက်ရေး၌ အဆင့်သစ်တစ်ခုသို့ဝင်ရောက်ခဲ့ပြီဖြစ်‌ကြောင်းတို့ကို ပြောကြားခဲ့သည်။

တရုတ်သမ္မတ၏ အထူးကိုယ်စားလှယ်အနေဖြင့် ဟန်သည် သမ္မတပရာဘိုဝို၏ ကျမ်းသစ္စာကျိန်ဆိုပွဲသို့ တက်ရောက်မည်ဖြစ်ပြီး နှစ်နိုင်ငံဆက်ဆံရေးနှင့် ဘုံအကျိုးစီးပွားရှိသော ကိစ္စရပ်များနှင့်ပတ်သက်၍ အင်ဒိုနီးရှားခေါင်းဆောင်နှင့် ထဲထဲဝင်ဝင် နက်နက်ရှိုင်းရှိုင်း ဆွေးနွေးသွားမည်ဖြစ်ကြောင်း ကိုလည်းမော်ကပြောကြားခဲ့သည်။

Source : ရှင်းဟွာ


LEAVE A REPLY

Please enter your comment!
Please enter your name here