Monday, November 25, 2024

စင်္ကာပူဝန်ကြီးချုပ်ဟောင်း လီရှန်လွန်းတရုတ်သို့သွားမည်

စင်္ကာပူ၊နိုဝင်ဘာ ၂၄ စင်္ကာပူဝန်ကြီးချုပ်ဟောင်း မစ္စတာလီရှန်လွန်းသည် နိုဝင်ဘာလ ၂၄ မှ ၂၉ ရက်နေ့အထိ တရုတ်နိုင်ငံသို့သွားရောက်မည်ဖြစ်ကြောင်းသိရသည်။အဆိုပါခရီးစဉ်အတွင်း ဆူကျုံစက်မှုဇုန် နှစ် ၃၀ ပြည့်အခမ်းအနားသို့တက်ရောက်ကာ...

တိုင်းပြည်အတွက် နစက ၏ဆောင်ရွက်မှုများကို တိုင်းရင်းသားပြည်သူလူထုအားလုံးက...

တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးနှင့်အေးချမ်းသာယာရေးအတွက် နစက ၏ဆောင်ရွက်မှုများကို တိုင်းရင်းသားပြည်သူလူထုအားလုံးက တက်ညီလက်ညီပူးပေါင်းပါဝင်ရန် အဓိကလိုအပ်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောသည်။ ၎င်းမှ ယနေ့ နိုဝင်ဘာ ၂၅...

တပ်မတော်၊ ရဲတပ်ဖွဲ့နှင့်လူပုဂ္ဂိုလ်များကို ဂုဏ်ထူးဆောင်ဘွဲ့များနှင့် ဂုဏ်ထူးဆောင်တံဆိပ်များပေးအပ်ချီးမြှင့်

နစက ဥက္ကဋ္ဌမှ နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်ခဲ့သည့် တပ်မတော်၊ ရဲတပ်ဖွဲ့နှင့်လူပုဂ္ဂိုလ်များကို ဂုဏ်ထူးဆောင်ဘွဲ့နှင့် ဂုဏ်ထူးဆောင်တံဆိပ်များပေးအပ်ချီးမြှင့်ခဲ့ကြောင်း အမိန့်ကြော်ငြာစာအမှတ် ၁၉၂/၂၀၂၄ ဖြင့် ယနေ့ နိုဝင်ဘာ...

ငြိမ်းချမ်းရေးသည် အခြေခံအုတ်မြစ်တစ်ခုဖြစ်ဟု နစက ဥက္ကဋ္ဌပြော

နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံအတွင်းရှိ ပြည်သူများ၏ လူမှုဘဝမြင့်မားရေး၊ ပြည် ထောင်စုတစ်ဝန်းအေးချမ်းသာယာရေးနှင့် တ ရားဥပ‌ဒေစိုးမိုးရေးတို့အတွက် ငြိမ်းချမ်းရေးသည် အခြေခံအုတ်မြစ်တစ်ခုဖြစ်သည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်...
HomeNewsLocal Newsပြည်သူ့ရင်ပြင် သီတင်းကျွတ်ဈေးရောင်းပွဲတော်နှင့် ဂီတပွဲတော်တွင်...

ပြည်သူ့ရင်ပြင် သီတင်းကျွတ်ဈေးရောင်းပွဲတော်နှင့် ဂီတပွဲတော်တွင် ပြည်သူ (၃) သိန်းကျော် ပါဝင်ဆင်နွှဲခဲ့

ရန်ကုန်တိုင်းအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင်၊ သီတင်းကျွတ်ဈေးရောင်းပွဲတော်နှင့် ဂီတပွဲတော်တွင် နေ့စဉ် ပြည်သူ (၃) သိန်းကျော် လာရောက်ပါဝင်ဆင်နွဲခဲ့ကြောင်း သိရသည်။

အဆိုပါ သီတင်းကျွတ်ဈေးရောင်းပွဲတော်နှင့် ဂီတပွဲတော်ကို ဒဂုံမြို့နယ် ပြည်သူ့ရင်ပြင်၌ အောက်တိုဘာလ (၁၆) ရက်မှ (၁၈)ရက်အထိ နေ့စဉ်နံနက် (၈) နာရီမှ ည (၁၀) နာရီအထိ ကျင်းပခဲ့ခြင်း ဖြစ်သည်။

ယင်း ဈေးရောင်းပွဲတော်တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ထုတ်ကုန်ပစ္စည်းများ ရောင်းချသည့်ဆိုင်ခန်းများ၊ ကျောင်းသားလူငယ်များ စာဖတ်ရှိန်မြင့်မားစေရေးအတွက် စာအုပ်အရောင်းဆိုင်များနှင့် စားသောက်ဆိုင်ခန်းများ အပါအဝင် ဆိုင်ခန်းပေါင်း (၄၈၃) ခန်းနှင့် အထူးအစီအစဉ်အဖြစ် Mobile Car များနှင့် ဆန်၊ ဆီ၊ ကြက်ဥနှင့် ဟင်းသီးဟင်းရွက်များ၊ အခြေခံစားကုန်များကို ဈေးနှုန်းချိုသာစွာဖြင့် ရော င်းချပေးလျက်ရှိသည်ဟုလည်း သိရသည်။

ထို့ပြင် ရုပ်ရှင်၊ သဘင်၊ ဂီတနယ်ပယ်မှ ကျော်ကြားသောအနုပညာရှင်များ၏ ဖျော်ဖြေတင်ဆက်မှုများနှင့် ပွဲတော်လာပြည်သူများ သွားလာရေး အဆင်ပြေလွယ်ကူစေရန် YBS ယာဉ်များဖြင့် အကြို/အပို့ကားများ စီစဉ်ဆောင်ရွက်ထားရှိမှုများကြောင့် ပြည်သူများ လာရောက်ပါဝင်ကြကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

စင်္ကာပူဝန်ကြီးချုပ်ဟောင်း လီရှန်လွန်းတရုတ်သို့သွားမည်

စင်္ကာပူ၊နိုဝင်ဘာ ၂၄ စင်္ကာပူဝန်ကြီးချုပ်ဟောင်း မစ္စတာလီရှန်လွန်းသည် နိုဝင်ဘာလ ၂၄ မှ ၂၉ ရက်နေ့အထိ တရုတ်နိုင်ငံသို့သွားရောက်မည်ဖြစ်ကြောင်းသိရသည်။အဆိုပါခရီးစဉ်အတွင်း ဆူကျုံစက်မှုဇုန် နှစ် ၃၀ ပြည့်အခမ်းအနားသို့တက်ရောက်ကာ တရုတ်သမ္မတရှီနှင့်သာမက တရုတ်အစိုးရအရာရှိများနှင့်ပါတွေ့ဆုံမည်ဖြစ်သည်ဟုသိရသည်။ မစ္စတာလီရှန်လွန်း၏ တရုတ်သို့သွားရောက်မည့် တရားဝင်ခရီးစဉ်အတွင်း ၎င်းသည် ဆူကျုံ၊ပေကျင်းနှင့်ရှန်ဟိုင်းမြို့များသို့ပါသွားရောက်မည်ဖြစ်ကြောင်းသိရပြီး နှစ်နိုင်ငံဆက်ဆံရေးနှင့်ပူးပေါင်းဆောင်ရွက်မှုများသည် ယခင်ကထက်ပိုမိုတိုးတက်လာကာ မကြာသေးမီကလည်း နှစ်ဖက်သဘောတူညီချက် ၂၅ ခုကို လက်မှတ်ရေးထိုးခဲ့ကြသေးသည်။ ယခုခရီးစဉ်သည် စင်္ကာပူဝန်ကြီးချုပ်ရာထူးမှ မေလတွင်အနားယူပြီးနောက်ပိုင်း မစ္စတာလီ၏ ပထမဆုံးတရုတ်ခရီးစဉ်လည်းဖြစ်သည်။တရုတ်နှင့်စင်္ကာပူအစိုးရအကြား ပထမဆုံးပူးပေါင်းဆောင်ရွက်ခဲ့သည့် ဆူကျုံစက်မှုဇုန်ထူထောင်မှုနှစ် ၃၀ ပြည့်အခမ်းအနားကိုလည်း တက်ရောက်ကာ မိန့်ခွန်းပြောကြားမည်ဖြစ်ကြောင်းသိရသည်။ ရှန်ဟိုင်း၌လည်း တာဝန်ရှိသူများနှင့်သာမက တရုတ်နိုင်ငံရောက် စင်္ကာပူနိုင်ငံသားများနှင့်ပါတွေ့ဆုံမည်ဖြစ်ကြောင်းသိရသည်။မစ္စတာလီနှင့်အတူ...

တိုင်းပြည်အတွက် နစက ၏ဆောင်ရွက်မှုများကို တိုင်းရင်းသားပြည်သူလူထုအားလုံးက တက်ညီလက်ညီပူးပေါင်းပါဝင်ရန် အဓိကလိုအပ်ဟု နစက ဥက္ကဋ္ဌပြော

တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးနှင့်အေးချမ်းသာယာရေးအတွက် နစက ၏ဆောင်ရွက်မှုများကို တိုင်းရင်းသားပြည်သူလူထုအားလုံးက တက်ညီလက်ညီပူးပေါင်းပါဝင်ရန် အဓိကလိုအပ်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောသည်။ ၎င်းမှ ယနေ့ နိုဝင်ဘာ ၂၅ ရက်တွင်ကျရောက်သည့် ၂၀၂၄ ခုနှစ်၊ (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အခမ်းအနားသို့ သဝဏ်လွှာပေးပို့စဉ် ထည့်သွင်းပြောကြားထားခြင်းဖြစ်သည်။ နစက အနေဖြင့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးတို့ကို အမျိုးသားရေးလုပ်ငန်းစဉ်အဖြစ် ချမှတ်အကောင်အထည်ဖော်လျက်ရှိကာ တိုင်းပြည်သာယာဝပြောရေးတွင် ပြည်သူပြည်သားများအားလုံး တရားဥပဒေစိုးမိုးမှုအောက်တွင် အေးချမ်းသာယာစွာဖြင့် နေထိုင်နိုင်ခြင်း၊ ပညာသင်ကြားနိုင်ခြင်း၊ အလုပ်အကိုင်များ လုပ်ကိုင်ဆောင်ရွက်နိုင်ခြင်းတို့ဖြစ်သည်ဟု ပြောသည်။ တိုင်းရင်းသားဒေသများ၌ အကြမ်းဖက်သမားများနှင့် လက်နက်ကိုင်များ၏ လုပ်ဆောင်မှုများကြောင့် တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့်...

တပ်မတော်၊ ရဲတပ်ဖွဲ့နှင့်လူပုဂ္ဂိုလ်များကို ဂုဏ်ထူးဆောင်ဘွဲ့များနှင့် ဂုဏ်ထူးဆောင်တံဆိပ်များပေးအပ်ချီးမြှင့်

နစက ဥက္ကဋ္ဌမှ နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်ခဲ့သည့် တပ်မတော်၊ ရဲတပ်ဖွဲ့နှင့်လူပုဂ္ဂိုလ်များကို ဂုဏ်ထူးဆောင်ဘွဲ့နှင့် ဂုဏ်ထူးဆောင်တံဆိပ်များပေးအပ်ချီးမြှင့်ခဲ့ကြောင်း အမိန့်ကြော်ငြာစာအမှတ် ၁၉၂/၂၀၂၄ ဖြင့် ယနေ့ နိုဝင်ဘာ ၂၅ ရက်က ထုတ်ပြန်ခဲ့သည်။ တပ်မတော်ဆိုင်ရာ စွမ်းရည်သတ္တိဂုဏ်ထူးဆောင်ဘွဲ့ဖြစ်သည့် သူရဘွဲ့အား ကာကွယ်ရေးဝန်ကြီးဌာနမှ ဗိုလ်မှူးကြီး ဝဏ္ဏလှိုင်၊ ဗိုလ်မှူးကြီး သက်ထွန်းအောင်၊ ဗိုလ်မှူး မျိုးကိုကိုထွန်းနှင့် ဗိုလ်မှူး အောင်ဆန်းဦးတို့အား ပေးအပ်ချီးမြှင့်ခဲ့သည်။ ထို့ပြင် တပ်မတော်ဆိုင်ရာ စွမ်းရည်သတ္တိဂုဏ်ထူးဆောင်တံဆိပ်ဖြစ်သည့် သူရဲကောင်းမှတ်တမ်းဝင်တံဆိပ်အား ကာကွယ်ရေးဝန်ကြီးဌာနမှ (၂၆)ဦးကို ပေးအပ်ချီးမြှင့်ခဲ့သည်။ ထို့အတူ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဆိုင်ရာ စွမ်းရည်သတ္တိဂုဏ်ထူးဆောင်တံဆိပ်ဖြစ်သည့် ရဲသူရတံဆိပ်အား မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ (၅)ဦးနှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071