စက်သုံးဆီဈေးကြောင့် မြို့ပတ်ရထား လက်မှတ်ခများ တိုးမြှင့်သတ်မှတ်

0
24

စက်သုံးဆီ ဒီဇယ်ဈေး မြင့်တက်လာမှုကြောင့် ရန်ကုန်မြို့အတွင်း မြို့ပတ်ပြေးဆွဲနေသော မြို့ပတ်နှင့်လော်ကယ်ရထား လက်မှတ်ခများကို အောက်တိုဘာ (၂၀)ရက်မှ စတင်ကာ တိုးမြှင့်ကောက်ခံသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။

လက်မှတ်ခများအနေဖြင့် မိုင် (၂ဝ) ခရီးအတွက် ယခင် (၂ဝဝ) ကျပ်အစား (၄ဝဝ) ကျပ်၊ မိုင် (၂ဝ) နှင့်အထက် မြို့တစ်ပတ်ခရီးအတွက် ယခင် (၃ဝဝ) ကျပ်အစား (၈ဝဝ) ကျပ်အဖြစ် ပြောင်းလဲသတ်မှတ်သွားမည် ဖြစ်သည်ဟု သိရသည်။

ယင်းသို့ ပြောင်းလဲကာ တိုးမြှင့်သတ်မှတ်သွားမည့် လက်မှတ်ခနှုန်းထား အသစ်နှင့် ပတ်သက်၍ ရထားစီးနင်းမည့် ခရီးသည်များသိရှိစေရန် ရထားဘူတာလက်မှတ်ရုံများတွင် ကြိုတင်ကြေညာထားမည်ဖြစ်ကြောင်းလည်း သိရသည်။

ထိုနည်းတူ ရန်ကုန် – မော်လမြိုင် အစုန်အဆန် ရထားလက်မှတ်ခများ ဈေးနှုန်းတိုးမြှင့်မည်ဖြစ်ပြီး လေအိတ်ရထားတွဲဆိုင်း၏ အထက်တန်း မော်လမြိုင် မှ ရန်ကုန် ထိ (၁၃၀၀၀) ကျပ်၊ ရိုးရိုးတန်း မော်လမြိုင်မှ ရန်ကုန်ထိ (၈၀၀၀) ကျပ် ဖြ စ်မည်ဖြစ်ကာ ရိုးရိုး (AAR) တွဲဆိုင်း အထက်တန်း မော်လမြိုင် မှ ရန်ကုန်ထိ (၁၂၀၀၀) ကျပ်၊ ရိုးရိုးတန်း မော်လမြိုင် မှ ရန်ကုန်ထိ (၇၀၀၀) ကျပ်ဖြစ်ကြောင်းလည်း မြန်မာ့မီးရထားမှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here