ထိုင်းရွေးကော်က အာဏာရ ပွေထိုင်းပါတီကို စုံစမ်းစစ်ဆေးမှုစတင်

0
38
Thailand's former prime minister Thaksin Shinawatra (C) arrives at the Criminal Court in Bangkok on August 19, 2024. - Thaksin, twice elected premier and ousted in a 2006 military putsch, is on trial under the kingdom's strict royal insult laws over comments he made nearly a decade ago. (Photo by MANAN VATSYAYANA / AFP)

ထိုင်းနိုင်ငံ ရွေးကောက်ပွဲကော်မရှင်က အာဏာရ ပွေထိုင်းပါတီအနေဖြင့် ပါတီကို ဖျက်သိမ်းရသည်အထိ ဖြစ်သွားနိုင်သော စုံစမ်းစစ်ဆေးမှုတစ်ရပ်ကို စတင်တော့မည်ဟု ဒေသတွင်း မီဒီယာများစွာက အောက်တိုဘာ ၁၈ ရက်တွင် သတင်းဖော်ပြခဲ့ကြသည်။

ပါတီ၏ လုပ်ငန်းဆောင်တာများတွင် ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ထရာကို သြဇာလွှမ်းမိုးခွင့် သို့မဟုတ် ညွှန်ကြားခွင့်ပြုထားသည်ဟူသော စွပ်စွဲတိုင်တန်းချက်များကို ဖြေရှင်းရန်အတွက် ရွေးကောက်ပွဲကော်မရှင်က ကော်မတီတစ်ရပ် ကိုဖွဲ့စည်းခဲ့သည်ဟု အမည်မဖော်လိုသော သတင်းအရင်းအမြစ်များကို ကိုးကား၍ မီဒီယာများက သတင်း‌ရေးသားဖော်ပြလျှက်ရှိကြသည်။

၂၀၂၃ ခုနှစ် ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သော အဓိကအတိုက်အခံပါတီဟောင်းကို ရွေး/ကော်က စုံစမ်းစစ်ဆေးခဲ့ပြီးနောက် သြဂုတ်လတွင် တရားရုံးအမိန့်ဖြင့် ပါတီကို ဖျက်သိမ်းစေခဲ့သည်။ ယင်းဖြစ်ရပ်အပြီး လပိုင်းအကြာတွင် ယခုကဲ့သို့ ပွေထိုင်းပါတီကို စုံစမ်းစစ်ဆေးရန် အကြောင်းပေါ်ပေါက်လာခြင်းဖြစ်သည်။

ကိုယ့်သဘောနှင့်ကိုယ် ပြည်ပသို့ ၁၅ နှစ်ကြာအောင် တိမ်းရှောင်ခဲ့သော သက်ဆင်သည် ၂၀၂၃ ခုနှစ်တွင် ၎င်း၏ နိုင်ငံရေးမဟာမိတ် ဆရက်သာ ထဝီဆင်း ဝန်ကြီးချုပ်ဖြစ်လာသော ရက်တွင်ပင် နိုင်ငံသို့ ပြန်လာခဲ့သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက သြဂုတ်လအတွင်း ၌မစ္စတာ ဆရက်သာကို ဝန်ကြီးချုပ်ရာထူးမှ ဖယ်ရှားခဲ့ပြီး သက်ဆင်၏ အသက် ၃၈ နှစ်အရွယ် သမီးဖြစ်သူ ပေတုံတန် ရှင်နာဝပ်ထရာ သည် ဝန်ကြီးချုပ်ဖြစ်လာခဲ့သည်။

ထိုင်းနိုင်ငံဥပဒေအရနိုင်ငံရေး ပါတီများကို ပြင်ပပုဂ္ဂိုလ်များက သြဇာလွှမ်းမိုးနိုင်ခွင့် မရှိပေ။

ရွေး/ကော်၏ စုံစမ်းစစ်ဆေးမှုတွင် အမှားအယွင်းတစ်စုံတရာ တွေ့ရှိခဲ့ပါက ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးက စဉ်းစားသုံးသပ်နိုင်ရန် တိုင်ကြားချက်ကို ပေးပို့နိုင်မည်ဖြစ်သည်။

Ref : သည်စထရိတ်တိုင်းမ်


LEAVE A REPLY

Please enter your comment!
Please enter your name here