ကျိုက္ခမီ ရေလယ်ဘုရားပွဲ‌တော် ယနေ့ သီတင်းကျွတ်လပြည့်ကျော် (၂)ရက်အထိ ဘုရားဖူးများဖြင့် စည်ကားနေ

0
12

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကျိုက္ခမီဆုတောင်းပြည့်ရေလယ်ဆံတော်ရှင်မြတ်ဘုရားပွဲ‌တော်တွင် ယနေ့ အောက်တိုဘာ(၁၉)ရက် (သီတင်းကျွတ်လပြည့်ကျော် (၂)ရက်) နံနက်ပိုင်းတွင် ရပ်နီးရပ်ဝေးများမှ ဘုရားဖူးလာများဖြင့်စည်ကားနေကြောင်း သိရသည်။

“ဘုရားဖူးက ဒီရက်ပိုင်းအဝင်အထွက် များပါတယ်။ အဖိတ်နေ့ကနေစပြီး မော်လမြိုင်၊ ရန်ကုန်နဲ့ မြို့တော်တော်များများကလာဖူးကြတယ်။ ညအိပ်ဧည့်သည်တွေလည်းရှိတယ်။ မော်လမြိုင်လိုနေရာကြတော့ နေချင်းပြန်ကြတာပေါ့” ဟု ဒေသခံတစ်ဦးက ပြောသည်။

ယခုနှစ် ကျင်းပပြုလုပ်သည့် ကျိုက္ခမီဆုတောင်ပြည့်ရေလယ်ဘုရားပွဲတော်၌ အောက်တိုဘာ (၁၇)ရက် (သီတင်းကျွတ်လပြည့်) နံနက် (၃)နာရီအချိန်တွင် ဆွမ်းအိုးမျှောပွဲတော်ကိုလည်း စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ကျိုက္ခမီ ဗုဒ္ဓပူဇနိယပွဲတော်အတွင်း ဇာတ်သဘင်ပွဲ (ဗလာပွဲ)များကို ရေလယ်ဘုရားကုန်းတော်ပေါ်ရှိ သီရိဇေယျာဇာတ်ရုံကြီးနှင့် မြို့လယ်ကျောက်တိုင်တို့တွင် ထည့်သွင်းပြုလုပ်လျှက်ရှိပြီး၊ အလွတ်တန်းဘောလုံးပြိုင်ပွဲများကိုလည်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ- ယနေ့ ကျိုက္ခမီဆုတောင်းပြည့်ရေလယ်ဆံတော်ရှင်မြတ်ဘုရားကြီး ဘုရားဖူးများဖြင့် စည်ကားနေသည့် ပုံရိပ်


LEAVE A REPLY

Please enter your comment!
Please enter your name here