ဂျပန်အာဏာရပါတီ၏ ရုံးချုပ်ကို မီးလောင်ဗုံးများဖြင့် ပစ်ခဲ့သူအား ဖမ်းဆီး

0
23
Officials investigate a vehicle which appears to have crashed into a barricade near the prime minister's official residence in central Tokyo on October 19, 2024, after a man threw Molotov cocktail-like objects outside the ruling party's headquarters building, hit a riot police vehicle, and then later drove into the barricade. - The man was arrested after throwing several suspected petrol bombs at the ruling party headquarters early on October 19, Japanese media said, just over a week before a general election. (Photo by Yuichi YAMAZAKI / AFP)

အထွေထွေရွေးကောက်ပွဲများ ကျင်းပရန် သီတင်းတစ်ပတ်ကျော်ခန့် အလိုတွင် အောက်တိုဘာ ၁၉ ရက်က တိုကျိုမြို့ရှိ အာဏာရပါတီရုံးချုပ်ကို မီးလောင်ဗုံးများ ပစ်သွင်းမှုဖြင့် အမျိုးသားတစ်ဦး ဖမ်းဆီးခံခဲ့ရသည်ဟု ဂျပန်မီဒီယာများက ဖော်ပြသည်။

ဓါတ်ဆီဗုံး ငါးလုံးမှ ခြောက်လုံးခန့်သည် အဓိကရုဏ်းရဲတပ်ဖွဲ့၏ ရဲကားကို ထိမှန်ခဲ့သော်လည်း ခဏအတွင်းပင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်းနှင့် ဒဏ်ရာအနာတရဖြစ်သူ မရှိခဲ့ကြောင်း အင်န်အိတ်ခ်ျကေ သတင်းဌာနက ဖော်ပြသည်။

အသက် ၄၀ ခန့်ဟု ယူဆရသည့် အဆိုပါ အမျိုးသားသည် ၎င်း၏ကားကို ဝန်ကြီးချုပ်ရုံးဝန်းအတွင်းသို့ မောင်းဝင်ရန်လည်း ကြိုးစားခဲ့သေးပြီး ခြံစည်းရိုးခံနေခဲ့သခြင့် အထမမြောက်ခဲ့ဟု အင်န်အိတ်ခ်ျကေ သတင်းဌာနက ပြောကြားခဲ့သည်။

သူသည် မီးခိုးဗုံးဖြစ်ပုံရသည့် အရာတစ်ခုကို ပစ်သွင်းကြိုးစားခဲ့သော်လည်း အခင်းဖြစ်နေရာရှိ ရဲတပ်ဖွဲ့ဝင်များက ဝင်ရောက်တားဆီးကာ သူ့ကို ဖမ်းဆီးသွားခဲ့ကြသည်။ ၎င်းအမျိုးသားကို အများပြည်သူ လုံခြုံရေးကို အနှောင့်အယှက်ပြုမှုဖြင့် ဖမ်းဆီးခဲ့သည်ဟု ရဲတပ်ဖွဲ့ကို ကိုးကား၍ သတင်းဌာနက ဖော်ပြခဲ့သည်။

အခင်းဖြစ်ရပ်သည် ယနေ့နံနက် ၆ နာရီမထိုးခင်လောက်တွင် ဖြစ်ပွားခဲ့သည်ဟု သတင်းများက ဆိုသည်။ အဆာဟိရှင်ဘွန်းနှင့် အခြားသတင်းဌာနများ၏ ဖော်ပြချက်အရ အဆိုပါအမျိုးသား၏ ကားအတွင်း၌ ပိုလီသိုင်လင်းဗူးများစွာ တွေ့ခဲ့သည်ဟုလည်း သိရသည်။

ဂျပန်နိုင်ငံတွင် အောက်တိုဘာ ၂၇ ရက်၌ အထွေထွေရွေးကောက်ပွဲ ကျင်းပသွားမည်ဖြစ်ပြီး စက်တင်ဘာလအတွင်းက အာဏာရ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ(LDP) ၏ ခေါင်းဆောင်ပိုင်း မဲပေးရွေးချယ်မှုတွင် အနိုင်ရခဲ့‌ပြီး နောက် တာဝန်ထမ်းဆောင်ခဲ့သည့် ဝန်ကြီးချုပ် ရှီဂီရူ အီရှီဘာအတွက် စမ်းသပ်မှုတစ်ခုဖြစ်သည်။

Ref: သည်စထရိတ်တိုင်းမ်


LEAVE A REPLY

Please enter your comment!
Please enter your name here