အွန်လိုင်းလိ-မ်လည်မှုများနှင့် အွန်လိုင်းလောင်းကစားမှုများသည် ကြီးမားသောပြဿနာဖြစ်လာ၍ မြန်မာအစိုးရကနှိမ်နှင်းလျက်ရှိ

0
17

အွန်လိုင်းလိ-မ်လည်မှုများနှင့် အွန်လိုင်းလောင်းကစားမှုများသည် ကြီးမားသောပြဿနာဖြစ်လာ၍ မြန်မာအစိုးရကနှိမ်နှင်းလျက်ရှိသည်ဟု ဗီယင်နာမြို့အခြေစိုက်ကုလသမဂ္ဂနှင့် အခြားနိုင်ငံတကာ အဖွဲ့အစည်းများဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးမင်းသိမ်းက ပြောသည်။

သြစတြီးယားနိုင်ငံ၊ ဗီယင်နာမြို့တွင် အောက်တိုဘာ ၁၄ ရက်မှ ၁၈ ရက်အထိကျင်းပခဲ့သည့် နိုင်ငံဖြတ်ကျော်အုပ်စုဖွဲ့မှုခင်းတိုက်ဖျက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း(UNTOC)အဖွဲ့ဝင်နိုင်ငံများ၏ (၁၂)ကြိမ်မြောက်ညီလာခံ၏ “အထွေထွေမူဝါဒရေးရာဆွေးနွေးမှု”ကဏ္ဍတွင် မိန့်ခွန်းပြောကြားရာ၌ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ် သည်။

မြန်မာနိုင်ငံအနေဖြင့် ၂၀၀၄ ခုနှစ်တွင် UNTOC နှင့် လူကုန်ကူးမှုနှင့်ရွှေ့ပြောင်းသွားလာသူများအား မှောင်ခိုကူးမှုဆိုင်ရာနောက်ဆက်တွဲစာချုပ် (Protocol) (၂)ခုကိုဝင်ရောက်ခဲ့ပြီး လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ အာဆီယံကွန်ဗင်းရှင်း (ACTIP)နှင့် မဲခေါင်ဒေသတွင်းနိုင်ငံများကြား နားလည်မှုစာချွန်လွှာ(COMMIT MoU)တို့မှတစ်ဆင့် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်နေသည်ဟု ပြောသည်။

လက်ရှိတွင် မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ စတုတ္ထ(၅)နှစ်စီမံကိန်း (၂၀၂၂- ၂၀၂၆)ကို အကောင်အထည်ဖော်ဆောင်ရွက်နေပြီး အွန်လိုင်းလိ-မ်လည်မှုများနှင့်အွန်လိုင်းလောင်းကစားမှုများသည် မြန်မာနိုင်ငံအပါအဝင် ဒေသတွင်းနိုင်ငံများ၌ ကြီးမားသောပြဿနာဖြစ်လာသည်ဟု ပြောသည်။

ထို့ကြောင့် မြန်မာအစိုးရအနေဖြင့် အွန်လိုင်းလိ-မ်လည်မှုများကိုနှိမ်နှင်းလျက်ရှိကာ အခြားနိုင်ငံများနှင့်လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ပြည်သူများအား အွန်လိုင်းလိ-မ်လည်မှုအန္တရာယ် အသိပညာပေးလှုပ်ရှားမှုများကိုဆောင်ရွက်လျက်ရှိသည်ဟု ပြောသည်။

ထို့အတူ နိုင်ငံဖြတ်ကျော်အုပ်စုဖွဲ့မှုခင်းများအား ထိရောက်စွာ တိုက်ဖျက်နိုင်ရန် သက်ဆိုင်ရာနယ်ပယ်များနှင့် ကဏ္ဍများအားလုံး ဟန်ချက်ညီ ညီဖြင့် ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ပြီး နိုင်ငံ တကာအနေဖြင့် အကူအညီလိုအပ်နေသောနိုင်ငံများကို အဆင့်မြင့်နည်းပညာနှင့် နည်းပညာဆိုင် ရာကိရိယာများပံ့ပိုးပေးခြင်း၊ စွမ်းဆောင်ရည်မြှင့်တင်ပေးခြင်း၊ သတင်းအချက်အလက်မျှဝေမှုစနစ် ပိုမိုကောင်းမွန်စေခြင်းတို့ဖြင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်ရန်လိုအပ်သည်ဟု ပြောသည်။

ထို့အတူ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံဖြတ်ကျော်အုပ်စုဖွဲ့မှုခင်းအားလုံးကို တိုက်ဖျက်ရန် ထပ်လောင်းအတည်ပြုပြီး UNODC၊ နိုင်ငံတကာနှင့် ဒေသတွင်းမိတ်ဖက်နိုင်ငံများနှင့် ပိုမိုပူးပေါင်း ဆောင်ရွက်သွားရန်အသင့်ရှိနေသည်ဟုလည်း ပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here