ဆံတော်ရှင် ကျိုက်ဇယ်စေတီတော်တွင် သီတင်းကျွတ်အခါသမယ မွန်ရိုးရာ ဆီးမီးပူဇော်ပွဲများပြုလုပ်

0
19

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကမာဝက်မြို့ရှိ ဆံတော်ရှင် ကျိုက်ဇယ်စေတီတော်၌ သီတင်းကျွတ်အခါသမယွင် မွန်ရိုးရာ ဆီးမီးပူဇော်ပွဲနှင့် မီးပုံပျံလွှတ်တင်ခြင်းများကို ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ ဆီးမီးကပ်လှူ ပူဇော်ပွဲအား ကမာဝက်၊ ထောင်ကေး ၊သိမ်ကုန်း၊ စိန်တောင်၊ဂုံညင်းတန်း ရပ်ကွက်အသီးသီးရှိ ဒေသခံပြည်သူများက ဖယောင်းတိုင်မီးထွန်းညှိထားသည့် မီးဗန်းများကိုကိုင်ဆောင်၍ လှည့်လည်ပူဇော်ခြင်းဖြစ်သည်။

အဆိုပါ ဆံတော်ရှင်ကျိုက်ဇယ်စေတီတော်တွင် နှစ်စဉ် သီတင်းကျွတ်နှင့်တန်ဆောင်မုန်းလပြည့်ရောက်တိုင်းမွန်ရိုးရာဆီးမီးပူဇော်ခြင်း၊ ဆွမ်းတော်ကြီးတင် ကပ်လှူပူဇော်ခြင်းနှင့် ပျော်ပွဲရွှင်ပွဲများကို ထည့်သွင်းပြုလုပ်လေ့ရှိသည်။

ထို့ပြင် ဆံတော်ရှင်ကျိုက်ဇယ်စေတီတော် ရင်ငွေ့လှုံ ပုံစံတူ‌ စေတီငယ်အား မြန်မာနှစ်ဆန်း(၂)ရက်တွင် လှည့်လည်အပူဇော်ခံလေ့ရှိကြောင်းနှင့် ယခုနှစ်အပူဇော်ခံလှည့်လည်မှုသည် အကြိမ်(၅၀)မြောက်ရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here