အီရန်နှင့် အစ္စရေးကို ညှိနှိုင်းပေးလို- ဗလာဒီမာ ပူတင်

0
33
In this pool photograph distributed by the Russian state agency Sputnik, Russia's President Vladimir Putin meets with the heads of leading media outlets from the BRICS member countries in the Moscow region on October 18, 2024. (Photo by Vyacheslav PROKOFYEV / POOL / AFP)

အစ္စရေးနှင့် အီရန် ရန်ဘက်နှစ်နိုင်ငံအကြား ပြေလည်မှုရရေး ကူညီဆောင်ရွက်ပေးရန် ရုရှားနိုင်ငံက အသင့်ရှိသည်ဟု သမ္မတ ဗလာဒီမာပူတင်က ပြောကြားလိုက်ပြီး ထိုကိစ္စသည် မဖြစ်နိုင်လောက်အောင် ခက်ခဲသည့်အရာမဟုတ်ဟုလည်း ပြောကြားခဲ့သည်။

“ကျွန်တော်တို့ အစ္စရေးနဲ့ အဆက်အသွယ်ရှိတယ်၊ အီရန်နဲ့အဆက်အသွယ်ရှိတယ်၊ ကျွန်တော်တို့မှာ အပြည့်အဝယုံကြည်လောက်တဲ့ ဆက်ဆံရေးရှိပါတယ်။ ဒီ မဆုံးနိုင်တဲ့ အပြန်အလှန်ထိုးနှက်နေမှုတွေ က တစ်ချိန်ချိန်မှာ အဆုံးသတ်သွားမယ်ဆို ကျွန်တော်တို့ အရမ်းကျေနပ်ရပါလိမ့်မယ်၊ နှစ်ဖက်စလုံးက ကျေနပ်လောက်စေမယ့် အခြေအနေတွေအတွက် ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေ ရှာတွေ့မှာပါ” ဟု ပူတင်က သတင်းထောက်များကို ပြောကြားခဲ့သည်။

“ဒီမေးခွန်းအတွက် အဖြေဟာ အပေးအယူအလျှော့အတင်း လုပ်ရမှုတွေမှာ အမြဲတည်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ဖြစ်နိုင်ပါ့မလားဆိုရင်၊ ကျွန်တော့်အမြင်ကတော့ ဘယ်လောက်ခက်ခဲတဲ့ အရာဖြစ်ပါစေ ဖြစ်နိုင်ပါတယ်” ဟု သူက ပြောသည်။

အစ္စရေးသည် မကြာခင်သီတင်းပတ်များအတွင်းက အီရန်၏ မဟာမိတ်များဖြစ်သော ဟားမတ်စ်နှင့် ဟစ်ဇ်ဘိုလာ ခေါင်းဆောင်ပိုင်းများကို သတ်ဖြတ်ရှင်းလင်းခဲ့ပြီး အောက်တိုဘာ ၁ ရက်တွင် အီရန်က အစ္စရေးကို ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ယခုအခါ အဆိုပါဒေသသည် အစ္စရေး၏ လက်တုန့်ပြန်မည့်အရေးနှင့် ရင်ဆိုင်နေရသည်။

နှစ်ဖက်စလုံးကသာ လိုလားပါက ရုရှားသည် ကြားဝင်ဆောင်ရွက်ပေးရန် ဆန္ဒရှိသည်ဟု ပူတင်က ပြောကြားခဲ့သည်။

Ref: Asharq Al-Awsat


LEAVE A REPLY

Please enter your comment!
Please enter your name here