မကွေးမြသလွန်စေတီတော်မြတ်ကြီး၏ (၂၅၈၈) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်အထိမ်းအမှတ် ဆွမ်းဆန်စိမ်းများလောင်းလှူ

0
11

မကွေးတိုင်းအစိုးရအဖွဲ့မှကြီးမှူးကျင်းပသည့် မကွေးမြို့ရှိ မြသလွန်စေတီတော်မြတ်ကြီး၏ (၂၅၈၈)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်အထိမ်းအမှတ် ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲကို ယနေ့ အောက်တိုဘာ ၁၉ ရက်နံနက် ၇ နာရီက စေတီတော်မြတ်ကြီးရင်ပြင်တော်ပေါ်၌ လောင်းလှူခဲ့ကြသည်။

မကွေးမြို့ပေါ်ရှိ စာသင်တိုက်ကျောင်းများနှင့် ဘုန်းတော်ကြီးကျောင်းများမှ ဆရာတော်၊ သံ ဃာတော်များ၊ သီလရှင် ဆရာကြီး/ဆရာလေး (၁၂၁)ပါးတို့အား ဆွမ်းဆန်တော်၊ ဆီ၊ ဆေးဝါးများနှင့် လှူဖွယ်ဝတ္ထုပစ္စည်းမျိုးစုံတို့ကို မကွေး တိုင်းဝန်ကြီးချုပ်ဦးတင့်လွင်နှင့်တာဝန်ရှိသူများ၊ အလှူရှင်များက လောင်းလှူပူဇော်ခဲ့ကြသည်။

မြသလွန်စေတီတော်မြတ်ကြီး၏ (၂၅၈၈)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကာလအတွင်းဖြစ်သည့် အောက်တိုဘာ ၁၇ရက်(သီတင်းကျွတ်လပြည့်နေ့)ကလည်း စေတီတော်မြတ်ကြီးအား ဆီ မီး(၉၀၀၀)ထွန်းညှိပူဇော်ခြင်းအပြင် ပန်း (၉၀၀၀)၊ နံ့သာ(၉၀၀၀)ဆက်ကပ်ပူဇော်ခြင်းများပြုလုပ်ခဲ့ကြကြောင်း သိရသည်။

မြသလွန်စေတီတော်မြတ်ကြီး၏ (၂၅၈၈)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကြီးအား အောက်တို ဘာ ၁၂ ရက်မှ ၃၁ ရက်အထိ ရက်(၂၀)တိုင် စည်ကားသိုက်မြိုက်စွာကျင်းပလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here